တောင်သမန်အင်း အတွင်း ကိုရင်တစ်ပါး ရေနစ်သေဆုံး

တောင်သမန်အင်းအတွင်း မေလ(၁၈) ရက်နေ့က ကိုရင်တစ်ပါး ရေနစ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မေလ (၈) ရက်နေ့ နေ့လည် (၁) နာရီခွဲ အချိန်က အသက် (၁၈) နှစ် အရွယ် ကိုရင်တစ်ပါး ရေဆင်းကူးရာမှ ရေနစ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ကိုရင်သည် ပလောင်တိုင်းရင်းသားတစ်ဦး ဖြစ်ပြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရွှေဆံရှင်ကျောင်းတိုက် ပလောင်ကျောင်းမှဖြစ်ကြောင်း၊ ၎င်းသည် ရေဆင်းကူးရာမှ ရေနစ် သေဆုံးခြင်းဖြစ်ပြီး ယင်းအခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိကြောင်း မှုခင်း မှတ်တမ်းများ အရ သိရသည်။ တောင်သမန်ကတော့ သင်္ကြန်မှာ ရေနစ် သေဆုံးတဲ့ဖြစ်စဉ် က ပိုများတယ်။ အရင်က အင်းလေလံ လုပ်တုန်းကတော့ ရေက ဆယ့်နှစ်ရာသီ အပြည့်ရှိနေတာပေါ့။ အခု တော့ အင်းလေလံမလုပ်တော့ဘူးဆိုတော့ ရေကနည်းပါတယ်။ ဒါပေမဲ့ အင်းကြီးထဲမှာ ရေစီးရေလာကောင်းဖို့ ရေမြောင်းကြီး တစ်ခုတော့ရှိတယ်။ အဲဒီတစ်နေရာကတော့ ရေနက်တယ်။ ကျန်တဲ့နေရာတွေကတော့ ဒီအချိန် ရေသိပ်မရှိပါဘူး ဟု တောင်သမန်အင်း အနီးရှိ ရတနာပုံ တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေမှုသေခင်း အမှတ်စဉ် ၂၀/၂၀၁၄ ဖြင့်ရေး ဖွင့်ကာ စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Messenger News Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ