စက်ဘီးစီးနင်းနေသူများကို ဆိုင်ကယ်မှ ၀င်ရောက်တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၂၁

၂၀.၅.၂၀၁၄ရက်နေ့ ၁၃၃၀အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း မှော်ဘီဘက်မှတိုက်ကြီးဘက်သို့ နောင်နောင်အောင်(၁၉)နှစ်၊ လက်ပံတန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူစီးနင်လာသည့် ၃၃ယ/---- Followme-125 အပြာရောင်ဆိုင်ကယ်သည် မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ ရွှေကျွန်းတောမှတ်တိုင်၊ မိုင်တိုင်အမှတ် (၃၁/၉)အနီးအရောက်၌ လားရာတူအတိုင်း ကိုနိုင်ဝင်း(၂၆)နှစ် စီးနင်းပြီး နောက်ဖက်မှ ကိုအောင်ဇော်လတ် (၃၆)နှစ် လိုက်ပါလာ
သောစက်ဘီးကို နောက်မှဝင်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကိုအောင်ဇော်လက်မှာ ဦးခေါင်းနောက်စေ့ သွေးထွက်ပေါက်ပြဲ၊ နှာခေါင်းနှင့်နားတို့၌ သွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး စက်ဘီးနင်းသူ ကိုနိုင်ဝင်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ယာတံတောင်ပွန်း၊ ယာလက်ခုံပွန်းဒဏ်ရာ
များရရှိခဲ့၍ မှော်ဘီမြို့နယ်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ နောင်နောင်အောင်အား မှော်ဘီမြို့မရဲစခန်းယာဉ် (ပ)၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ