အငှားယာဉ်နှင့် မြို့ပတ်ရထားတို့ တိုက်မိမှုဖြစ်

ရန်ကုန်၊ မေ ၇

၇.၅.၂၀၁၄ရက်နေ့ ၁၀၄၅အချိန် မင်္ဂလာဒုံမြို့နယ်ဘက်မှ ရန်ကုန်မြို့ထဲ ဘက်သို့ စက်ခေါင်းမောင်း ဦးစိုးကြိုင်မောင်းနှင်သော စက်ခေါင်းအမှတ် DD-940 ငစိန်(၇)မြို့ပတ်ရထားနှင့် ယာဉ်မောင်း ဇော်မင်းသန့် (၃၉)နှစ်၊ (ဘ)ဦးသင်း၊ (၄)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ မောင်းနှင်လာသော 3E---အေဒီဗင် အဖြူရောင် အငှားယာဉ်တို့သည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေဥမင် ဘုရားဘုန်းကြီးကျောင်းရှေ့ရှိ မီးရထားသံလမ်းကူးတွင် ပွတ်တိုက် မိခဲ့ကြပါသည်။

ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် 3E---အေဒီဗင် အငှားယာဉ်၏ရှေ့ပိုင်းမှာ ပိန့်ချိုင်ပျက်စီးသွားခဲ့ပြီး မြို့ပတ် ရထားမှာ ၁၀၅၅ အချိန်တွင် ရန်ကုန်မြို့ထဲဘက်သို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့အန္တရာယ်ဖြစ်စေအောင်မောင်းနှင်သူ ယာဉ်မောင်း ဇော်မင်းသန့် ကို မြန်မာ့မီးရထားမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်မှတိုင်းချက်အရ မြောက်ဥက္ကလာပမြို့မ ရဲစခန်း (ပ)၃၄၈/၂၀၁၄၊ မီးရထားအက် ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ