တရုတ်နိုင်ငံ ဘေဂျင်းမှာတော့ Scooter နဲ့ ကုန်တင်ကား တိုက်မိခဲ့ပြီး Scooter စီးလာတဲ့ တရုတ်ကျောင်းသူ လမ်းမပေါ် ပြုတ်ကျခဲ့ပါတယ်။
အလွန်အမင်း ဆိုးဝါးတဲ့ ဒဏ်ရာ နာကျင်မှုတွေ မရခဲ့တဲ့ ကျောင်းသူ Wang Dafan
ဟာ ဆေးရုံကားစောင့်နေရင်း သူမရဲ့ အဖိုးတန်တဲ့ အချိန်တွေကို အင်္ဂလိပ်
အဘိဓါန်မှ စကားလုံးပေါင်း ၁၀၇ လုံးကို လေ့လာမှတ်သားရင်းနဲ့
ကုန်ဆုံးစေခဲ့ပါတယ်။
ရဲတစ်ဦးကတော့ ကျွန်တော်တို့ ယာဉ်တိုက်တဲ့
နေရာကို ရာက်သွားတဲ့အခါမှာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ သူမဟာ
နာကျင်နေပေမယ့်လည်း သူမဟာ တက္ကသိုလ် လေ့ကျင့်ခန်းစာတွေ အတွက် သူမရဲ့
လျှပ်စစ် အဘိဓါန်ကို သုံးပြီး အင်္ဂလိပ်ဝေါဟာရတွေကို ကျက်မှတ်လေ့လာနေတာ
တွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။
သူမက ဒီမတော်တဆမှုက ကျွန်မကို ဘ၀ဟာ
တိုတိုလေး ဖြစ်ပြီး ပညာရေးဟာ အရေကြီးကြောင်း အသိပေးနှိုးဆော်ခဲ့ပါတယ်။
ဒါကြောင့် အခြားအရာတွေကို တွေးပူပြီး အချိန်ကုန်ဆုံးစေမယ့် အစား
ပညာပိုတိုးဖို့ က ပိုပြီး အရေးကြီးကြောင်း သိခဲ့ရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အင်္ဂလိပ် စာလုံးတွေကို လေ့လာခြင်းက နာကျင်မှုကို သက်သာစေပြီး
ကျွန်မကိုလည်း အကူအညီ ဖြစ်စေကြောင်း သူမသိခဲ့ရတယ်လို့ ပြောသွားပါတယ်။
အသက် ၁၈နှစ်အရွယ် မိန်းကလေးဟာ ကျူရှင်အသွားမှာ ယခုလို မတော် တဆမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
သေချာစွာ လေ့လာကြည့်ရှုစစ်ဆေးပြီးနောက် သူမဟာ ပြင်းထန်တဲ့ ဒဏ်ရာ
မရခဲ့ပေမယ့် ပြုတ်ကျတဲ့ အရှိန်ကြောင့် ဦးခေါင်း၊ ခြေထောက်နဲ့ လက်မှ
ဒဏ်ရာများကို ဆေးထည့် ဆေးကုသဖို့ အတွက် လူနာတင်ကား အလာကို စောင့်ရင်း
စာကျက်နေခဲ့တာ ဖြစ်ပါတယ်။
သူမဟာ ပညာတော်သင်ဆုများစွာ နဲ့ တခြား
ပညာရေး ဆုတံဆိပ်များ ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ဘေဂျင်းမှာ ရှိတဲ့ Capital
Normal University မှာ တက်ရောက်နေတဲ့ ကျောင်းသူဖြစ်ပြီး နောင်မှာ
အမေရိကမှာ ရှိတဲ့ Oxford ဒါမှမဟုတ် Cambridge တက္ကသိုလ်မှာ ပညာဆက်သင့်ခွင့်ရ
ဖို့ မျှော်လင့်ချက်ရျိကြောင်း သိရပါတယ်။
World-Myanmar News (world-myanmar.com)
ကားတိုက်ခံရ တာတောင် စာကျက်မပျက်တဲ့ တရုတ်ကျောင်းသူ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ထူးဆန်းထွေလာ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin