လမ်းဘေးတွင်သွားနေသူကို မော်တော်ယာဉ်မှ ၀င်ရောက် တိုက်မိသဖြင့် သေဆုံး

ရန်ကုန်၊ မေ ၂၂

၂၂.၅.၂၀၁၄ရက်နေ့ ၀၇၀၀အချိန် အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း
အတိုင်း လှိုင်သာယာဘက်မှ အင်းစိန်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ၅ခ/---၊ ကင်တာဘောက်(စ်) ကိုယ်ပိုင်ယာဉ်သည် ပေါက်တောဝမှတ်တိုင်အနီးအရောက်တွင် လမ်း၏ယာဘက်ဘေးမှလမ်းလျှောက် နေသူ အင်းစိန်မြို့နယ်နေ
ဦးဝင်းနိုင် (၅၁)နှစ်အား ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ
ယာဉ်ကို ထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဦးဝင်းနိုင်မှာ ယာနားထင်ပွန်းစုတ်၊ မျက်နှာပွန်း၊ နှာခေါင်းသွေးထွက် ဒဏ်ရာများရရှိကာ အခင်းဖြစ်
နေရာ၌သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်၍ ယာဉ်တိုက်မှုဖြစ်ပွား ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား အင်းစိန်မြို့မ
ရဲစခန်းယာဉ်(ပ)၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ