အင်ဂျင်အပူရှိန်လွန်ကဲကာ ဆိုင်ကယ်မီးလောင်ပေါက်ကွဲ၍ ၁ ဦးသေဆုံး

 နေပြည်တော်၊ မေ ၂၅

၂၀၁၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့်နတ်စင်ကုန်းကြား၊ နမ့်ဆန်-သီပေါကားလမ်းတွင် ဆိုင်ကယ်တစ်စီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားကြောင်းသတင်းအရ နမ့်ဆန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်၊ ခါးအောက်ပိုင်းပွင့်ထွက်ညိုမဲ ဒဏ်ရာများနှင့်သေဆုံးနေသည်ကို တွေ့ရှိရသည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာနေ အိုက်မောင်(ခ)ချစ်မောင်မောင်(၂၃)နှစ်ဖြစ်ပြီး သီပေါဘက်မှနမ့်ဆန်ကားလမ်းအတိုင်း ANBO-125 ဆိုင်ကယ်အားမောင်းနှင်လာစဉ် ဆိုင်ကယ်အင်ဂျင် အပူရှိန်လွန်ကဲ၍ ဓါတ်ဆီတိုင်ကီ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဆိုင်ကယ်မီးလောင် ပေါက်ကွဲမှုမဖြစ်ပွားမီ အိုက်မောင်(ခ) ချစ်မောင်မောင် မောင်းနှင်သည့်ဆိုင်ကယ်အား တစ်ရွာတည်းနေ ချမ်းသာအောင်(၂၁)နှစ်မောင်းနှင်လာသည့် ၃၃/xxxxx JIMSHAM-125 ဆိုင်ကယ်က (၇)ပေခန့် အကွာမှကျော်တက်စဉ် အိုက်မောင်၏ဆိုင်ကယ် မီးလောင်ပေါက်ကွဲမှုကြောင့် ချမ်းသာအောင်မှာဆိုင်ကယ်ပေါ်မှလွင့်ကျပြီး ယာလက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် နမ့်ဆန်ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်ဆန်မြို့မရဲစခန်း(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ