အငှားယာဉ်မောင်းအားထိုးကြိတ်၍ ယာဉ်ကိုလုယက်ယူဆောင်လာသူမှ ယာဉ်တိုက်မှုဖြစ်ပွားပြီး တာဝန်ကျယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အား ထိုးကြိတ်ခဲ့ သဖြင့် ၀ိုင်းဝန်းဖမ်းဆီးအရေးယူ


ရန်ကုန်၊ မေ ၂၂

၂၁.၅.၂၀၁၄ ရက်နေ့ ၁၃၁၅ အချိန်တွင် စမ်းချောင်းမြို့နယ်နေ အငှားယာဉ်မောင်း ဦးစိုးမိုးသည် ယာဉ်အမှတ် AA---- FIELDER
အဖြူရောင် အငှားယာဉ်အားမောင်းနှင်ခဲ့ရာ ဗဟန်းမြို့နယ်၊
ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)
ရှေ့အရောက် အရက်မူးယစ်နေ သောအမျိုးသားတစ်ဦးမှ ယာဉ်ရှေ့မှ
ပိတ်ရပ်၍တားသဖြင့် ရပ်ပေးစဉ် ၎င်းထံသို့ လျှောက်လာပြီး အင်္ကျီအား
ဆွဲ၍ လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ၎င်းမှယာဉ်အား မောင်းနှင်ထွက်ပြေး
ခဲ့သော်လည်း အဆိုပါ အမျိုးသားမှ ယာဉ်နောက်ခန်းတံခါးအားဖွင့်၍ ၀င်ရောက်လိုက်ပါလာပြီး လက်သီးနှင့် ထပ်မံထိုးသဖြင့် အင်းယား
လမ်းမပေါ်ရှိ သစ်သီးဆိုင်တန်းရှေ့တွင်ယာဉ်ပေါ်မှဆင်းနေခဲ့ရကြောင်း၊ ၎င်းအမျိုးသားမှာ ယာဉ်အား ဆက်လက်မောင်းနှင်ယူဆောင်သွားခဲ့ပြီး အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံတွင် လမ်းပြောင်းပြန်
မောင်းနှင်သဖြင့် မျက်နှာချင်းဆိုင်မှလာသော 2D---- HYUNDAI ကိုယ်ပိုင်ယာဉ်၊ ၃က---- TOYOTA COROLLA VIN အငှားယာဉ်နှင့် မီးပွိုင့်တွင် မီးနီ၍ရပ်ထားသော DD---- Probox အဖြူ ရောင်အငှား
ယာဉ်တို့ကို ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် အင်းယားလမ်းနှင့်တက္ကသိုလ်ရိပ်သာ
လမ်း မီးပွိုင့်တွင်တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းတပ်ဖွဲ့စု
(၂၅)မှ ရဲဒုတပ်ကြပ် ကျော်ထက်အောင်မှ သွားရောက်စဉ် အငှားယာဉ်
အားလုယက်မောင်းနှင်လာသူ အမျိုးသားမှ ယာဉ်ပေါ်မှဆင်းလာပြီး လက်သီးဖြင့်ထိုးခဲ့ ကြောင်း၊ ထိုသို့ဖြစ်ပွားခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ
ပြည်သူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ၎င်းအမျိုးသားမှာ စိုးပြည့်မွန်၊(၂၈)နှစ်၊ (ဘ)ဦးကြည်ဝင်း၊ အလတ်ချောင်း
ကျေးရွာ၊ ကြည့်မြင်တိုင်မြို့နယ်နေသူဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ဦးစိုးမိုးတွင် ဦးခေါင်းနာကျင်ဒဏ်ရာ၊ ၀ဲလက်မဖူးရောင်နာကျင်ဒဏ်ရာတို့ရရှိခဲ့ပြီး ရဲဒုတပ်ကြပ်
ကျော်ထက်အောင်တွင် ယာမျက်ခွံပေါက်ပြဲ၊ မျက်လုံးဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ ပြင်ပလူနာများအဖြစ်ကုသခဲ့ရပါသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ စိုးပြည့်မွန်သည် အငှားယာဉ်မောင်းအား လက်သီးဖြင့်ထိုးပြီး ယာဉ်ကိုလုယက်ယူဆောင်ခဲ့မှုအတွက် ၎င်းအား ဗဟန်းမြို့မရဲစခန်း(ပ)၂၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့်လည်းကောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ကမာရွတ်မြို့မရဲစခန်း ယာဉ်
(ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉ ဖြင့်လည်းကောင်း၊ တာဝန်ထမ်းဆောင်
နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အားနာကျင်အောင်ပြုလုပ်ခဲ့သည့်
အတွက်ကမာရွတ်မြို့မရဲစခန်း(ပ)၂၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၂ ဖြင့်
လည်းကောင်း အမှုများရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ