ဆိုင်ကယ်ချင်းကပ်ပြီး ဆွဲကြိုးလုယူ ထွက်ပြေး

မန္တလေး ၊ ၁၉-၅-၂၀၁၄

မန္တလေးမြို့ ၊ ချမ်းမြသာစည် မြို့နယ် အတွင်း အမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်း ကပ်လိုက်ပြီး အမျိုးသမီး ၏ လည်ပင်းမှ ဆွဲကြိုးကို လုယူ ထွက်ပြေးမှု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ မေလ ၁၄ ရက် ညနေ ၃ နာရီခွဲက မန္တလေး ၊ ချမ်းမြသာစည် မြို့နယ် ၆၂x၆၃ လမ်းကြား တွင် သိပ္ပံလမ်း အနောက်မှ အရှေ့သို့ ဒေါ်မြင့်မြင့်မော် ( ကျောက်ဆည်မြို့ နေသူ ) မောင်းနှင်ပြီး နောက်မ မကြူကြူ ( ကောလင်းမြို့ နေသူ ) လိုက်ပါလာသော ဆိုင်ကယ်ကို တခြား ဆိုင်ကယ် စီးလာသည့် အမျိုးသား တစ်ဦးက အနီးကပ်လာပြီး ဒေါ်မြင့်မြင့်မော် ၏ လည်ပင်းတွင် ဆွဲထားသော မိုးရေစက်ပုံ ဆွဲသီး တစ်ခုပါ အလေးချိန် နှစ်ကျပ်သားခန့် ရှိ ရွှေဆွဲကြိုး တစ်ကုံး ဒေသတန်ဖိုး ငွေကျပ် သိန်း ၂၀ ခန့်ကို လုယူ ထွက်ပြေး သွားသဖြင့် မေလ ၁၅ ရက်က ဒေါ်မြင့်မြင့်မော် က တိုင်တန်း၍ နယ်မြေ ရဲစခန်း ( အမှတ်-၁၁ ) က (ပ) ၃၂၈/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ( ၀၄၂)

Yadanarpondaily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ