ကွန်တိန်နာယာဉ်မှ လမ်းဖြတ်ကူးသူ အမည်မသိအမျိုးသားတစ်ဦးကို တိုက်မိသေဆုံး

ရန်ကုန်၊ မေ ၁၇

၁၆.၅.၂၀၁၄ရက်နေ့ ၀၉၀၀အချိန် သာကေတမြို့နယ်၊ ရှုခင်းသာ လမ်းအတိုင်း ၅ ကွေ့ဘက်မှ သန်လျင်တံတားဘက်သို့ ယာဉ်မောင်း မဲသီး(ခ)ထွန်းနိုင်ဦး (၂၄)နှစ်၊ (ဘ)ဦးညိုပြာ၊ ဗိုလ်တထောင် မြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/--- JING GONG အမျိုးအစားကွန်တိန်နာ အစိမ်းရောင် ယာဉ်သည် ရှုခင်းသာ လမ်းမပေါ်ရှိ (၁၃)ဂိတ်အနီးအရောက် လမ်းဖြတ်ကူးသူ အသက် (၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးကို ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ၎င်းအမျိုးသားတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာတံတောင် ပွန်းစုတ်ဒဏ်ရာ၊ ယာပေါင်ပွန်း စုတ်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မဲသီး(ခ)ထွန်းနိုင်ဦး အား သာကေတနယ် မြေရဲစခန်း ယာဉ် (ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ