မိုင်းကိုင်မြို့နယ်တွင်ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွား

မိုင်းကိုင် မေ ၇

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဝမ်ဖွီးကျေးရွာ အုပ်စုနှင့် စုံလောကျေးရွာအုပ်စုတို့ တွင် ယခုလ ၄ ရက်က ပြောင်းဖူး ခြံအတွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပုံမှာ ဝမ် ဖွီးကျေးရွာအုပ်စု ဝမ်ဖွီးကျေးရွှာဗြ(ခွဲထွက်) မိုင်းယွန်းတပ် စခန်းဟောင်းအနီး ပြောင်းဖူးစိုက် တောင်သူများ ပြောင်းခြံအတွင်း အလုပ်လုပ်နေစဉ် ယခုလ ၄ ရက် နံနက် ၁၁နာရီတွင် ဗုံးဟုခေါ်ဆိုနိုင် သော အလုံးတစ်လုံးကိုတွေ့ရှိသဖြင့် အိုက်ဂီး အသက်(၁၄)နှစ်အရွယ် ပလောင်တိုင်းရင်းသားတစ်ဦးက ဓားဖြင့်ခုတ်လိုက်ရာပေါက်ကွဲသွား သဖြင့် အိုက်ဂီးမှာ ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့သည်။ အလားတူပင် စုံလောကျေးရွာအုပ်စု နမ့်မော်ပျဉ် ကျေးရွာတွင်လည်း ယခုလ ၄ရက် နံနက် ၁၁ နာရီ မိနစ် ၄ဝတွင် ပြောင်းဖူးခြံအတွင်း မြေပေါက်နေ သော ပလောင်တိုင်းရင်းသူ အေး ခမ်းနှင့်အေးဆီတို့က ဗုံးဟုခေါ်ဆို နိုင်သော အလုံးတစ်လုံးကို ပေါက် ပြားဖြင့် ပေါက်မိသဖြင့် ပေါက်ကွဲ မှုဖြစ်ပွားရာ နှစ်ဦးစလုံးဒဏ်ရာရရှိ ခဲ့သည်။ အဆိုပါဒဏ်ရာရသူသုံးဦး ကို မိုင်းကိုင်မြို့နယ် ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှု များခံယူလျက်ရှိသည်။ ဒဏ်ရာရ ရှိသူသုံးဦးစလုံး စိုးရိမ်ဖွယ်အခြေ အနေမရှိကြောင်း သိရသည်။

The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ