အငှားယာဉ် ပြန်ကွေ့စဉ် အရှိန်လွန်ကာ ကန်အတွင်းသို့ကျ

ရန်ကုန်၊ ဧပြီ ၂၂

၂၁.၄.၂၀၁၄ရက်နေ့ ၁၆၃၀အချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်စေတီ ကန်ပေါင်မြေနီလမ်းအတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်း ကျော်မင်းလွင်၊ (၃၄)နှစ်၊ (ဘ)ဦးဖြိုး၊ ရန်ကင်းမြို့နယ်နေသူ မောင်းနှင်လာသော AA ---- Probox အပြာရောင်အငှားယာဉ်သည် ကန်ပေါင်လမ်းအလယ်အရောက် နောက်ဘက်သို့ “ဂ” ကွေ့ ပြန်ကွေ့စဉ် အရှိန်လွန်ကာ စွယ်တော်မင်္ဂလာကန်ထဲသို့ ကျသွားခဲ့ပါသည်။

ထိုသို့ကျသွားချိန်တွင် ယာဉ်ပေါ်၌ ခရီးသည်များမပါရှိကြောင်း၊ ယာဉ်မောင်း မှာလည်း ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် ယာဉ်ကို ၁၈၀၀ အချိန်တွင် ပြန်လည်ဆယ်ယူခဲ့ပြီးကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ကျော်မင်းလွင်အား မရမ်းကုန်းမြို့မရဲစခန်းယာဉ်(ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ၂၇၉ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ