ချယ်လ်ဆီး၏ အောင်ပွဲ ဆာလောင်စိတ် ကင်းမဲ့မှုကို အက်သလက်တီကို အခွင့်ကောင်း ယူနိုင်မည်ဟု ဂါဘီ ယုံကြည်နေ

ချယ်လ်ဆီး အသင်းသည် အောင်ပွဲ ဆာလောင်စိတ် ကင်းမဲ့နေပြီး ယင်းအချက်ကို မိမိတို့ အခွင့်အရေး ယူနိုင်လိမ့်မည်ဟု အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ကစားသမား ဂါဘီ ဖာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

အသက်(၃၀)အရွယ် စပိန် ကွင်းလယ်ခံစစ် ကစားသမားသည် အင်္ဂါနေ့ည ချန်ပီယံလိဂ် ပွဲစဉ်အတွက် ချယ်လ်ဆီးကို ဧည့်ခံရန် အသင့်ရှိနေပြီ ဖြစ်သည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဟိုဆေးမော်ရင်ဟို လက်ထက် ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း အရှုံးကို ကြုံခဲ့ပြီး ဆန်းဒါးလန်းကို အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့သည်။ ချယ်လ်ဆီး အနေဖြင့် နောက်ဆုံး(၆)ပွဲတွင် (၃)ပွဲ အရေး နိမ့်ခဲ့ပြီးနောက် ဂါဘီက မိမိတို့ အနေဖြင့် အင်္ဂလိပ်ကလပ်ထက် နိုင်လိုစိတ် ပြင်းပြ ထက်သန်မှု ပိုကောင်းကြောင်း ယုံကြည်နေပြီ ဖြစ်သည်။

“အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့တော့ ကျွန်တော် သေချာ နားမလည်ဘူး။ ဒါပေမဲ့ သေချာတာက ကျွန်တော်တို့ဟာ စိတ်ဇောထက်သန်မှု ပိုအားကောင်းတယ်။ ဒီအချက်ကို အခွင့်ကောင်း ယူနိုင်ဖို့ ကြိုးစားရလိမ့်မယ်”ဟု ဂါဘီက ဆိုသည်။ ၎င်းက “ပထမပွဲစဉ်ကို အိမ်ကွင်းမှာ ကျွန်တော်တို့ ကစားရမှာပါ။ ဒါကို ကောင်းကောင်းကြီး အသုံးချနိုင်ဖို့ လိုပါတယ်။ ဒုတိယအကျော့ မကစားခင် ရလဒ်ကောင်းတစ်ခု ပိုင်ဆိုင်ထားဖို့ အရေးကြီးတယ်လေ။ အင်္ဂါနေ့ ပွဲစဉ်ဟာ ကျွန်တော်တို့ ဗိုလ်လုပွဲရောက်ဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကွင်းထဲမှာ ကစားပုံ ကောင်းဖို့တော့ မဖြစ်မနေ လိုအပ်ပါတယ်”ဟု သုံးသပ်ခဲ့သည်။

အက်သလက်တီကိုသည် လတ်တလောတွင် စပိန်လာလီဂါ၌လည်း ဦးဆောင်ရပ်တည်နေပြီး ဖေဖော်ဝါရီလ ကတည်းက ရှုံးပွဲမရှိ အကောင်းဆုံး ခြေစွမ်းပြလျှက်ရှိသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ