ဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့ရာတွင် နောင်တရစရာများရှိခဲ့ဟု နာအိုမီဝတ်စ်ဝန်ခံ

ဗြိတိသျှ မင်းသမီး ဒိုင်ယာနာအဖြစ် သရုပ်ဆောင်ရန် လက်ခံခဲ့ခြင်းသည် သူမအတွက် နောင်တရစရာ အခြေအနေအချို့ ကြုံလာစေကြောင်း နာအိုမီဝတ်စ်က ဝန်ခံခဲ့သည်။ အသက်(၄၅)နှစ်ရှိ နာအိုမီသည် Diana ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးများထံမှ အကောင်းရော၊ အဆိုးပါ သုံးသပ်ချက်များစွာ ခံယူရရှိခဲ့သည်။ နာအိုမီက သူမသည် ကိုယ်တိုင်လေးစား အားကျသည့် အမျိုးသမီး တစ်ဦး၏ ဇာတ်ရုပ်၌ သရုပ်ဆောင်ရန် လိုလိုလားလား ရှိခဲ့သော်လည်း ရိုက်ကွင်းကာလတွင်ပင် နောင်တရသင့်သည့် အနေအထားများ ရှိလာကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဇာတ်ကားသည် ကွယ်လွန်သွားပြီဖြစ်သည့် ဒိုင်ယာနာနှင့် ကြင်ရာတော် အိမ်ရှေ့မင်းသား ချားလ်စ်တို့ကြား အိမ်ထောင်ရေး ပြဿနာများကို အခြေခံ ဖန်တီးထားသည်။ Harper’s Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် နာအိုမီက “ကျွန်မအတွက်တော့ တကယ့် စိတ်ကူးယဉ်ချင်စရာ ဇာတ်ရုပ်တစ်ခုအတွက် ဆွဲဆောင်ခံခဲ့ရတာပါပဲ။ ဒိုင်ယာနာဟာ လူတွေကြားမှာ အကောင်းရော၊ အဆိုးပါ သက်ရောက်မှုတွေ အများကြီး လုပ်ခဲ့တယ်။ ဒိုင်ယာနာဟာ မျက်နှာအမျိုးမျိုး ရှိသူပါ။ ဒါပေမဲ့ တကယ်တမ်း ရုပ်ရှင်ရိုက်ဖြစ်ခဲ့အခါမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ ကျွန်မစိတ်ထဲမှာ တွေးထားတဲ့ အမျိုးသမီး တစ်ယောက်အဖြစ် ဒိုင်ယာနာကို ပုံဖော်လို့ မရတော့ဘူး”ဟု ဆိုသည်။

သူမက ဇာတ်ကားကို စတင်ရိုက်ကူးကတည်းက စိန်ခေါ်မှု များပြားလွန်သည်ကို သတိပြုမိကြောင်းလည်း ပြောကြားခဲ့သေးသည်။ Diana ဇာတ်ကား အကြီးအကျယ် မအောင်မြင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး နာအိုမီက “ကျဆုံးသွားနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်။ ဒါကို စွန့်စားချဉ်းကပ်ရတာပါပဲ။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားကို ရွေးချယ်လိုက်ခြင်းကြောင့် နစ်မြုပ်တော့မယ့် သင်္ဘောမှာ တွယ်ကပ်ပြီး လိုက်သွားသလို ဖြစ်သွားရင်လည်း လက်ခံရမှာပါပဲ”ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ