အထက်တန်းကျောင်းမှာ လူ၂၂ယောက်ကို ဓားနဲ့ထိုးခဲ့တဲ့ ၁၆နှစ်သား

Alex Hribal အမည်ရှိတဲ့ ၁၆နှစ်အရွယ် ကျောင်းသားလေးဟာ အရူးထပြီး သောင်းကျန်းကာ အထက်တန်းကျောင်းမှာ လူ ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ် ခဲ့ပါတယ်။

 Pennsylvania အထက်တန်းကျောင်းမှာပါ။ ဒီလိုဓားနဲ့ လိုက်ထိုး၊ လိုက်ခုတ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေတုန်းပါပဲ။

Alex Hribal ဟာ စိတ်လွတ်နေတုန်း လူ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ အနည်းဆုံး ကျောင်းသား ၅ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီ့ထဲက ကောင်လေး တစ်ယောက်ရဲ့ အသည်းကို ဓားက ဖောက်ဝင်သွားခဲ့ပါတယ်။

ဓားထိုး၊ ဓားခုတ်ခံခဲ့ရသူ အများစုဟာ အသက် ၁၄နှစ်က ၁၇နှစ် အတွင်း ကျောင်းသားတွေဖြစ်ကြပြီး လူကြီးဖြစ်တဲ့ ကျောင်းလုံခြုံရေး အမျိုးသားတစ်ယောက်ကတော့ ၀မ်းဗိုက် ဒဏ်ရာရသွားပါတယ်။

ကျောင်းတံခါးဖွင့်ပြီး ၁၅မိနစ်အကြာမှာ အခင်းဖြစ်ပွားခဲ့ပြီး နံနက် ၇း၁၃ မိနစ်ခန့်မှာ လူတစ်ယောက်ကနေ ရဲစခန်းကို ဖုန်းခေါ်ခဲ့တာပါ။ သံသယရှိခံရသူဟာ စာသင်ခန်းတွေကို ဖြတ်ပြီး စင်္ကြံတစ်လျှောက်ပြေးကာ ဓားနှစ်ချောင်းနဲ့ လိုက်ထိုး၊ လိုက်ခုတ်ခဲ့တယ်လို့ သိရပါတယ်။

‘ကြမ်းပြင်တစ်ခုလုံးလဲ သွေးတွေချည်းပဲ။’ လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ သတ္တိကောင်းလှတဲ့ ကျောင်းသား Nate Scimioဟာ တခြားကျောင်းသားတွေကို သတိပေးဖို့အတွက် မီးသတိပေးခေါင်းလောင်းကို ဖွင့်ခဲ့ပါတယ်။

တွဲဖက်ကျောင်းအုပ် Sam Kingဟာ သတ္တိရှိရှိနဲ့ပဲ Alex Hribal ကိုဝင်လုံးပြီး မြေပေါ်လှဲချခဲ့ပါတော့တယ်။

စုံစမ်းစစ်ဆေးမှုမှာ ဒေသခံရဲတပ်ဖွဲ့တွေနဲ့ FBI အေးဂျင့်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ယခုလို တိုက်ခိုက်ရခြင်း အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက ရှာဖွေစုံစမ်းနေတုန်းပါ။

Ref:dailymail.co.uk

Treand Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ