၁၃၇၆ လူထုရပ်ဝန်းဟောကိန်း – စံ-ဇာဏီဘို

    စာပေအနုပညာ လောကတွင် အဓိက အထင်ကရ အနုပညာရှင်ကြီးများ ကြွေလွင့်ကြလိမ့်မည် စာနယ်ဇင်း မီဒီယာသမားများ ဖမ်းဆီးချုပ်နှောင် ခံရလိမ့်မည် စာပေလောက အကျပ်အတည်းကြုံမည် ယတြာမရှိ

4မဟာသင်္ကြန် နှစ်သစ်ကူးပြောင်းမှု အယူအဆအရ နတ်ပြည်တွင် တည်ရှိသော ဗြဟ္မာ့ဦးခေါင်းကို နတ်သမီးတို့ အလှည့်ကျ တာဝန်ယူ ထိန်းသိမ်းရသည်။ အလှည့်စေ့၍ နတ်သမီး တစ်ပါးမှသည် အခြားနတ်သမီးထံသို့ ဗြဟ္မာ့ဦးခေါင်း လက်ပြောင်း လက်လွှဲသော ကာလကို အချိန်ကာလ တစ်နှစ်တာဟု သတ်မှတ်သည်။ ကညာဒေ၀ီ နတ်သမီးကား အလှည့်စေ့၍ ပရမီသွာနတ်မင်း၏သား ““အာသီ””အမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် စံသီနတ်သမီးကား ရွှင်သောမျက်နှာဖြင့် လှမ်းလင့်၏။ ဤကား ဗြဟ္မာ့ဦးခေါင်း လက်လွှဲ၍ နှစ်ကူးခြင်းဆိုင်ရာ အယူအဆဖြစ်သည်။

မဟာသင်္ကြန် အယူအဆအရ ကောင်းကင်ထက်၌နေမင်းကို သင်္ကြန်မင်းဟု ခေါ်သည်။ တနင်္ဂနွေဂြိုဟ်နေမင်း မိဿရာသီသို့ ရောက်ရှိချိန်ကို မဟာသင်္ကြန်အဖြစ် သတ်မှတ်သည်။ ယခုကာလ မဟာသင်္ကြန် အယူအဆတွင်

ဘာဏုရာဇာမည်သော တနင်္ဂနွေ ဂြိုဟ်မင်းသည် နွားနို့သစ်အဆင်းနှင့်တူသော အ၀တ်တန်ဆာကို ၀တ်ဆင် လျက် မြွေကိုစီး၍ လက်တစ်ဖက်ကား အဲမောင်း၊ လက်တစ်ဖက်ကား ချွန်တောင်းကိုကိုင်လျက် အနောက်မြောက်ထောင့်ကသည် တောင်သို့ဝင်၏။ ဃောရဿဒေ၀ီ နတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏။

5

၂၀၁၄၊ ဧပြီ ၁၄ ရက်၊ တနင်္လာနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ၊ ၁၈ မိနစ်၊ ၃၉ စက္ကန့်တွင် မဟာသင်္ကြန် ကျ၍ ၂၀၁၄ ဧပြီ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ခင်း မြန်မာစံတော်ချိန် ၂ နာရီ၊ ၂၃ မိနစ်၊ ၂၀ စက္ကန့်တွင် မဟာသင်္ကြန် တက်၏။ ၂၀၁၄ ဧပြီလ ၁၇ ရက် ကြာသပတေးနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၆ ၏ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်သည်။

မြန်မာကောဇာသက္ကရာဇ် ၁၃၇၆ တစ်နှစ်တာ အတောအတွင်း အလွှာရပ်ဝန်း အသီးသီးကို သုံးသပ်လေသော်

- ကုန်သွယ်စီးပွား ပြုသူများအတွက် ဤတစ်နှစ်တာအတွင်း ကြာသပတေးနံ “မြေ”၊ ဗုဒ္ဓဟူးနံ “ရွှေ”နှင့် စနေနံ ““အထည်၊ ဓာတ်သတ္ထု၊ တွင်းထွက်”” ပစ္စည်းများ ရောင်းဝယ်စီးပွား ကမောက်ကမ ဖြစ်မည်။ တနင်္လာနံ၊ အင်္ဂါနံ လုပ်ငန်းများ အထူးကောင်းသည်။ ယခင် ၄ နှစ်ဆက်တိုက် ညံ့သော အညံ့မှ လွတ်မည်။ အလုပ်စီးပွားများ လုပ်သောအခါ အောင်မြင်မှုများရစေရန် သပြေညွန့်၊ သစ္စာပန်းတို့ မကြာခဏ ဘုရားကပ်လှူပါ။ အလှူအတန်းများလုပ်ပါ။

- ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ ထူးထူးခြားခြား ထွန်းပေါက်အောင် လုပ်နိုင်လိမ့်မည်။ အရည်အချင်း ရှိလျှင် ရှိသလောက် တိုးတက်မည်။ နိုင်ငံတကာ အဆင့်အထိ ထွန်းပေါက်မည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင် များသာမက အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံချောင်းမှအစ ဆောက်လုပ်ရေး ပစ္စည်းများတွင် စီးပွားဖြစ်ထွန်း ကြကုန်မည်။ လုပ်ငန်းခိုင်မာ ကောင်းမွန်စေရန် အလို့ငှာ ဂန္ဓမာပန်း၊ သစ္စာပန်း၊ နှင်းဆီပန်းတို့ကို မကြာခဏ ဘုရား ကပ်လှူခြင်းပြုပါ။

- ပညာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်း ရပ်ဝန်း မှ သူများအဖို့ အလုပ်စီးပွားများတွင် မှန်းချက်မကိုက်၊ ရှေ့တိုး အခက်၊ နောက်ဆုတ်အခက်နှင့် အကျိုးအမြတ် ရည်မှန်းသလောက် မဖြစ်၊ ကျောင်းသားတို့အား ထိန်းသိမ်း အုပ်ချုပ်ခြင်းနှင့် သင်ကြားမှုပိုင်း ကျွမ်းကျင်သူ ဆရာတို့အား ရရှိခက်ခဲသော ပြဿနာတို့ ကြုံပေမည်။ အညံ့အဆိုး ကင်းစေရန် အလို့ငှာ သပြေညွန့် မကြာခဏ ဘုရားတင်ပါ။

- ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများ ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ ဆောင်ရေး၊ အငှားယာဉ် တက္ကစီယာဉ်မောင်းမှအစ ကုန်ကျစရိတ်၊ ပြုပြင် ထိန်းသိမ်းမှု ဆိုင်ရာစရိတ်နှင့် လောင်စာဆီတို့ကို အကြောင်းပြု၍ အကျိုးအမြတ် နည်းပါးမည်။ ငွေကြေး အင်အား ကောင်းသူသာ ရှင်သန်နိုင်မည်။ ဂန္ဓမာအ၀ါပွင့် ဓာတ်ပုံကို ဆောင်ယူခြင်းပြုပါ။

- စက်ရုံနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဝန်းကျင် နယ်ပယ်တွင် စွမ်းအင်ပြဿနာ၊ လျှပ်စစ်ဓာတ်အား ပြဿနာနှင့် အလုပ်သမားမတည်မြဲမှု၊ လူ့အရင်းအမြစ် ပြဿနာတို့ကို ရင်ဆိုင်ရကာ ကုန်ထုတ်လုပ်မှုဆိုင်ရာ ဖွံ့ဖြိုးမှုများ နှေးကွေးမည်။ အဖြူရောင်ပန်းများ၊ သပြေညွန့်နှင့် နှင်းဆီပန်းတို့ကို မကြာခဏ ဘုရားလှူဒါန်းခြင်းပြုပါ။

စာပေအနုပညာလောကတွင် အဓိက အထင်ကရ အနုပညာရှင်ကြီးများ ကြွေလွင့်ကြလိမ့်မည်။ စာနယ်ဇင်း မီဒီယာသမားများ ဖမ်းဆီး ချုပ်နှောင်ခံရလိမ့်မည်။ စာပေလောက အကျပ်အတည်း ကြုံမည်။ ယတြာမရှိ။

ချမ်းမြေ့မေတ္တာ တုံ့ပြန်ပါသည်

စံ-ဇာဏီဘို

Myanmartandawsint Newspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ