ပွဲမကစားဘဲ အကောင်းဆုံးအသင်းအတွက် အရွေးခံရသည့် ရွန်နီ

ပွဲကစားခွင့် လွဲချော်ခဲ့သဖြင့် ရွန်နီအတွက် စိတ်ပျက်စရာ ကြုံနေသည့်တိုင် ရွှင်ရွှင်ပြပြ ဖြစ်စေမည့် အလွဲအချော် တစ်ရပ်ကိုမူ ကြုံခဲ့ရကြောင်း သိရသည်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီ အနေဖြင့် ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန် နယူးကာဆယ်လ် ယူနိုက်တက်နှင့်ပွဲကို ဝင်မကစားခဲ့ရချေ။ ပွဲကစားခွင့် လွဲချော်ခဲ့သဖြင့် ရွန်နီအတွက် စိတ်ပျက်စရာ ကြုံနေသည့်တိုင် ရွှင်ရွှင်ပြပြ ဖြစ်စေမည့် အလွဲအချော် တစ်ရပ်ကိုမူ ကြုံခဲ့ရကြောင်း သိရသည်။ နယူးကာဆယ်လ် ယူနိုက်တက်ကို အဝေးကွင်းတွင် ယူနိုက်တက်က (၄-၀)ဖြင့် အနိုင်ရခဲ့သည့်အခါ ရွန်နီသည် အရန်လူစာရင်းတွင်ပင် မပါဝင်ခဲ့ချေ။ သို့သော်လည်း စနေနေ့ ကစားသည့် ပွဲစဉ်များအတွက် အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား (၁၁)ဦးစာရင်းကို The Sunသတင်းစာက ရွေးချယ်လိုက်သည့်အခါ တိုက်စစ်မှူး တစ်နေရာအတွက် ရွန်နီ၏အမည် ပါဝင်လာခဲ့သည်။

ထိုကိစ္စသည် သတင်းစာ၏ မှားယွင်းမှု ဖြစ်သော်လည်း ပရိသတ်များအတွက် အတန်ငယ် အံ့ဩပြီး ရွှင်မြူးရယ်မောစရာလည်း ဖြစ်လာသည်။ အင်္ဂလန် ကွင်းလယ်လူ ဂျိုယေးဘာတန် အနေဖြင့် ရွန်နီသည် ကမ္ဘာ့အဆင့်မဟုတ်ဟု ဝေဖန်ပြောဆိုဖူးသည့်တိုင် ပွဲမကစားဘဲ အကောင်းဆုံးစာရင်း၌ပင် အရွေးချယ်ခံရသည့် ကစားသမားကို ဘာတန်အနေဖြင့် မျက်နှာပူသင့်ကြောင်း အရွှမ်းဖောက် ရေးသားခဲ့ကြသည်။ ရွန်နီသည် ခြေမဒဏ်ရာကြောင့် နယူးကာဆယ်လ်နှင့်ပွဲကို လွဲချော်ခဲ့သလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ဂျာမန်မြေတွင် ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ရန်အတွက်လည်း မရေရာလှသေးပေ။

The Sun၏ ရွေးချယ်မှုတွင် တိုက်စစ်အတွက် ရွန်နီအပြင် ဖူလ်ဟမ်အသင်းမှ ဟူဂိုရိုဒယ်လီဂါက အကောင်းဆုံး စာရင်းဝင် ဖြစ်လာပြီး နယူးကာဆယ်လ် တိုက်စစ်ကို ကြံ့ကြံ့ခံ ကာကွယ်ကာ ပေးဂိုးမရှိအောင် စွမ်းဆောင်ပြခဲ့သည့် ယူနိုက်တက် အရန်ဂိုးသမား အန်းဒါးစ်လင်ဒီဂတ်လည်း အကောင်းဆုံး ဂိုးသမား နေရာအတွက် သတ်မှတ်ခံခဲ့ရသည်။ ထို့အပြင် ကိုယ်တိုင်(၂)ဂိုးသွင်းပြီး အသင်းဖော် အက်ဒ်နန်ယာနူဇက်ဂ်ျ ဂိုးရအောင် ဖန်တီးပေးခဲ့သည့် ယူနိုက်တက် ကွင်းလယ်လူ ဂျူအန်မာတာလည်း ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ