လက်ထပ်နိုင်ဖို့ အတွက် ကိုယ်အလေးချိန် ပေါင် ၂၈၀ လျော့ချသွားမယ့် ကမ္ဘာ့အ၀ဆုံး အမျိုးသမီး


‘ ကမ္ဘာ့အ၀ဆုံးအမျိုးသမီး’ က ကိုယ်အလေးချိန်  ပေါင် ၂၈၀ ချပြီး သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ကြောင်း ပြောကြား လိုက်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီ ဖြစ်တဲ့ Charity Pierce ဟာ သူမနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူကောင်လေးထက် အလေးချိန်နှစ်ဆရှိပြီး ကိုယ်အလေးချိန် ၇၆၄.၄ ပေါင်နဲ့ ကမ္ဘာ့အ၀ဆုံးအမျိုးသမီးဆုကို ဆွတ်ခူးထားသူပါ။ အခုတော့ သူမရဲ့ ကိုယ်အလေးချိန် တစ်ဝက်လောက် လျော့ချဖို့ လိုအပ်နေပြီး အသက်အန္တရာယ်မရှိအောင်လို့  အစာအိမ်ဖယ်ထုတ်၊ လမ်းလွဲကြောင်းခွဲစိတ်မှု (bypass surgery) ကို ခံယူရမှာ ဖြစ်ပါတယ်။

Charity ဟာ သူမထက် အသက် ၁၆ နှစ်ကျော်ငယ်တဲ့ ၂၂ နှစ်အရွယ် ရည်းစားကောင်လေးနဲ့ လက်ထပ်ဖို့  ဆုံးဖြတ်ချက်ချထားခဲ့ပြီး သူမတို့ မင်္ဂလာဆောင်မှာ ဘုရားကျောင်းလျှောက်လမ်းထဲ လမ်းလျှောက်ဝင်နိုင်ဖို့ နဲ့  ကခုန်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

“ အိမ်ထဲမှာတော့ လက်မထပ်ချင်ပါဘူး။ မင်္ဂလာဆောင်လျှောက်လမ်းမှာ လျှောက်ချင်သေးတယ်” လို့ Charity က ရင်ဖွင့်ခဲ့ပါတယ်။

“ ကျွန်မတို့ နှစ်ယောက်လုံး Country ဂီတ ကိုကြိုက်တယ်။ ဒါကြောင့် ကျွန်မတို့ မင်္ဂလာဆောင် ၀တ်စုံကို Cowboy ဖိနပ်၊ ဦးထုပ် နဲ့ ဝတ်ဖို့ စဉ်းစားထားပြီး Tony ကိုလည်း ဂျင်းဝတ်စုံရယ်၊ Cowboy ဖိနပ်ရယ် ၀တ်ဖို့  စဉ်းစားထားတယ်”

“ ကျွန်မ လူတွေ အများကြီးဆန့် တဲ့ ခန်းမအကြီးကြီးလိုချင်တယ်။ ကျွန်မ တစ်ညလုံး က ပစ်လိုက်ချင်ပြီး အကောင်းဆုံး ပျားရည်ဆမ်းခရီးထွက်ပစ်လိုက်ချင်တယ်” လို့  သူမက မျှော်လင့်တကြီးနဲ့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၀၁ ခုနှစ်ထဲက အိမ်တွင်းလှဲနေခဲ့ရတဲ့ Charity ကို အလေးချိန်လျှော့မချနိုင်ရင် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဆရာဝန်တွေက သတိပေးစကားဆိုခဲ့ပါတယ်။

“ နှလုံးဖောက်မှာ၊ သွေးစောင့်တိုးမှာနဲ့ အိပ်ပျော်နေတုန်း သေသွားမှာကို ကျွန်မ အရမ်းကြောက်တယ်။ ကျွန်မရဲ့ အိပ်မက်ကတော့ ၁၄ စတုံ (၁၉၆ ပေါင်) လောက်ရှိတဲ့ မိန်းကလေးဖြစ်ချင်တာပေါ့။ ကျွန်မရဲ့ ကြင်ယာဖက်ကိုလည်း လက်ထပ်ချင်တယ်”

“ ကျွန်မ အများကြီး မလိုချင်ပါဘူး။ ကျွန်မ ဘ၀တစ်ခု ပိုင်ဆိုင်ချင်ယုံပါ” လို့ Charity က သတင်းထောက်တွေကို ဖြေကြားသွားခဲ့ပါတယ်။

Charity ဟာ ၅၄.၆ စတုံ နဲ့ ကမ္ဘာ့အ၀ဆုံးအမျိုးသမီးအဖြစ် စံချိန်တင်ထားသူပါ။

Ref: Mirror.co.uk

Treand Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ