သတို့သားနဲ့ ဧည့်သည်တွေကို အဆိပ်ခတ် သတ်ခဲ့တဲ့ အရွယ်မမယ် သတို့သမီးငယ်

နိုင်ဂျီးရီးယားနိုင်ငံမှာ အရွယ်မရောက်ခင် အတင်းအကျပ် အိမ်ထောင်ပြုပေး တာကြောင့် အဆိပ်ခတ်ပြီး သတ်ရာမှာ ခင်ပွန်းနဲ့ သူ့ရဲ့ သူငယ်ချင်းသုံးယောက် သေဆုံးသွားခဲ့ပါတယ်။

အသက် ၁၄နှစ်သာ ရှိသေးတဲ့ သတို့သမီး Wasila Umaru ဟာ လွန်ခဲ့တဲ့ အပတ်က အသက် ၃၅နှစ်အရွယ် Umaru Sani နဲ့ အတင်းအကျပ် လက်ထပ်ပေးခြင်းခံရပါတယ်။ အဲဒီနောက် Sani က သူ့ရဲ့ သူငယ်ချင်းတွေကို Kano မြို့နားမှာ တည်ရှိတဲ့ သူနေထိုင်ရာ ရန်ဆိုရိုရွာမှာ ဧည့်ခံပွဲ ကျင်းပဖို့အတွက် ဖိတ်ကြားခဲ့ပါတယ်။ ဧည့်သည်တွေ ရောက်လာတဲ့အခါမှာတော့ ဆယ်ကျော်သက် အရွယ် သတို့သမီးက တည်ခင်းဧည့်ခံတဲ့ ထမင်းထဲမှာ ကြွက်သတ်ဆေးခတ် လိုက်ပါတယ်။

စားသုံးမိတဲ့ Sani အဲဒီနေ့မှာပဲ အခြား သူငယ်ချင်းသုံးဦးနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ သူငယ်ချင်း နှစ်ဦးဖြစ်တဲ့ Nasiru Mohammed နဲ့ Alhassan Alhassan တို့ကတော့ စားပြီးပြီးချင်း သေဆုံးသွားခဲ့ပေမယ့် အခြား အမျိုးသမီး သူငယ်ချင်းဖြစ်သူ  Indo Ibrahim ကတော့ ဆေးရုံရောက်ပြီး ကုသမှုခံယူနေစဉ်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သတို့သမီးဖြစ်သူက အနီးပတ်ဝန်းကျင်က ဈေးထဲမှာ အဆိပ်ကို ၀ယ်ယူခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ သူမ မချစ်မနှစ်သက်တဲ့သူနဲ့ အတင်းအကျပ် အိမ်ထောင်ပြုခိုင်းတာကြောင့် အခုလို ပြုလုပ်ရခြင်း  ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ကလေးအရွယ်မှာ အိမ်ထောင်ပြုခြင်းဟာ နိုင်ဂျီးရီးယားမှာ အလွန်များပြား လာပါတယ်။ အထူးသဖြင့် မွတ်စလင်တွေနဲ့  နိုင်ဂျီးရီးယားမြောက်ဘက်ပိုင်းမှာ အဓိက ဖြစ်ပါတယ်။ သတို့သမီးကြေး ကောင်းလာတဲ့အပြင် မိဘတွေအနေနဲ့လည်း  ကျွေးရတဲ့  ပါးစပ်ပေါက် တစ်ပေါက်လျော့သွားတဲ့အတွက်လို့ ပြောကြပါတယ်။

နိုင်ဂျီးရီးယားရဲ့ လူဦးရေ ထူပြောတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ကလေး အမျိုးသမီး ၅၀ ရာခိုင်နှုန်းဟာ အသက် ၁၈နှစ်မပြည့်ခင်မှာ လက်ထပ်ပြီးသားဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေး အေဂျင်စီများရဲ့ မှတ်တမ်းများအရ သိရပါတယ်။

ကလေးအရွယ် သတို့သမီးတွေဟာ ခက်ခဲတဲ့ ကိုယ်ဝန်ဆောင် ဒုက္ခတွေ ခံစားကြရပြီး ကလေးမွေးဖွားစဉ်မှာလဲ သေဆုံးကြတဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ သေဆုံးနှုန်းအရ အသေအပျောက်များတဲ့ အရွယ်တွေကတော့ အသက် ၁၅နှစ်ကနေ ၁၉နှစ် ရှိတဲ့ မိန်းကလေးများ ဖြစ်တယ်လို့ သိရပါတယ်။

အရွယ်မတိုင်ခင် နဲ့ အတင်းအကျပ် အိမ်ထောင်ပြုခြင်းကို ကုလအလုပ်သမား အဖွဲ့အစည်းနဲ့ ကန့်သတ်ထားသလို   နိုင်ဂျီးရီးယား ကလေးအခွင့်အရေး အက်ဥပဒေများအရ အသက် ၁၈နှစ်အောက် အိမ်ထောင်ပြုခြင်းကိုလည်း တားမြစ်ထားပါတယ်။

ဒါပေမယ့်လည်း မြောက်ဘက်ပိုင်း ပြည်နယ်တွေမှာတော့ သူတို့လက်ကိုင်ထားတဲ့ မွတ်စလင်ဥပဒေတွေက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လျစ်လျူရှူလေ့ရှိပါတယ်။ ဒါ့အပြင် အသက် ၁၅နှစ်မှာ လက်ထပ်ယူခဲ့ပြီး ၁၇နှစ်မှာ ကွာရှင်းခံခဲ့ရတဲ့ သူတွေအတွက် ဘာမှမလုပ်ပေးသလို ကျူးလွန်သူကိုလည်း ဘယ်လိုမှ အရေးမယူခဲ့ပါဘူး။

အရွယ်မရောက်သူ အမျိုးသမီးတွေကို ပြန်လည်ကွာရှင်းတာဟာ နောက်ထပ်အခြားအမျိုးသမီးတွေကို  ယူဖို့ အတွက်ဖြစ်ပြီး ကွာရှင်းခံရတဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေဟာ လမ်းပေါ်ရောက်ကြရတယ်လို့ ဒေသဆိုင်ရာ ကလေးသူငယ်များအဖွဲ့အစည်းက ပြောပါတယ်။

CNN
Treand Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ