အပူလွန်ရောဂါ ခံစားရသော ဝေဒနာရှင် လူနာများ အတွက် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး ကြိုတင်ပြင်ဆင်

မန္တလေး ဧပြီ ၂၃

နိုင်ငံတကာ ရာသီဥတု ခန့်မှန်းချက်အရ ယခုရက်ပိုင်းတွင် အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်ထက် ပိုမို အပူလွန်ကာလ ဖြတ်သန်း ရနိုင်ဖွယ် ရှိသဖြင့်

ရာသီဥတု ပူပြင်းသော အချိန်တွင် အပူလွန်ရောဂါ ခံစားရသော ဝေဒနာရှင် လူနာများအတွက် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အနေဖြင့် လိုအပ်သော ဆေးဝါးများနှင့် ဆေးဝါးကုသရေး လုပ်ငန်းစဉ်များကို စနစ်တကျ ကြိုတင်ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ် မန္တလေးမြို့တွင် အပူလွန်ကဲမှု ဖြစ်ပွားခဲ့ရာ မန္တလေး မြို့ပေါ်ရှိ ပရဟိတ လူမှုရေးအသင်း အဖွဲ့များ၊ ရေခဲစက်များ၊ စေတနာ လုပ်အားရှင်များက ဆေးဝါးများ ထောက်ပံ့လှူဒါန်းခြင်း၊ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းများကြောင့် အသေအပျောက် မများဘဲ ကုသ ပေးနိုင်ခဲ့ပြီး အဆိုပါ နှစ်မှစ၍ နွေရာသီ ရောက်တိုင်း အပူလွန်ကဲမှု မဖြစ်မီ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည့် နည်းတူ ယခုနှစ်တွင်လည်း ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ အပူလွန်ကဲ လူနာများ ရောက်ရှိလာပါက အရေးပေါ် ကုသပေးနိုင်ရန် အတွက် လိုအပ်မည့် အခန်းများ၊ ပစ္စည်းများ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားသည့် အပြင် ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများသို့လည်း ကြိုတင် အသိပေး အကြောင်းကြားထားပြီး လူမှုကူညီရေး ဆောင်ရွက်နေကြသည့် ပရဟိတ အသင်းအဖွဲ့များ၊ ရေခဲစက်များ အနေဖြင့်လည်း ယခင် ၂ဝ၁ဝ ပြည့်နှစ် နည်းတူ ပူးပေါင်းကူညီပံ့ပိုး ပေးနိုင်ရန် မန္တလေးမြို့အထွေထွေ ရောဂါ ကု ဆေးရုံကြီးမှ ကြိုတင်ပြင်ဆင် လျက်ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ