အနုပညာရှင်များ၏ သင်္ကြန်ပျော်ရွှင်မှုများနှင့်အတူ စိုးရိမ်စိတ်များ

ဧပြီ၁၄ရက်တွင် ကျရောက်သည့် သင်္ကြန်အကျနေ့ တွင် အနုပညာရှင်များ သည်နေရာ အနှံ့ သွားရောက်ဖျော်ဖြေကြသည်။ အနုပညာရှင်များအနေဖြင့်နေရာ အနှံ့ သွားရောက်ဖျော်ဖြေကြသော်လည်း ၄င်းတို့၏ ရင်တွင်း ကိုယ်ဆီ၌ စိုးရိမ်စိတ်များဖြင့် သွားရောက်ကာ ဖျော်ဖြေ နေကြရသည် ဟု ၄င်းတို့ကမဇ္စျိမသို့ပြောသည်။

ချစ်ကောင်း

အသက်(၅၀)ပြည့်ပြီဆိုတော့သင်္ကြန်ကို ငယ်ငယ် တုန်းကလို မပျော်တော့ဘူး။ ငယ်ငယ်တုန်းက ရေပက်ခံထွက်ခဲ့ပေမယ့် အောင်မြင်လာတော့ ပရိသတ်ကို သီချင်း နဲ့ဖျော်ဖြေရတဲ့ အလေ့အထဆိုတော့ သီချင်းဆိုရတာမို့ ပျော်ရတာပဲရှိတယ်။ ရိုးရာမပျက်သင်္ကြန်နဲ့လိုက်ပျော်နိုင်တဲ့စိတ်ကို မွေးထားပါတယ်။ အကြမ်းဖက် မှုတွေရှိမယ်ဆိုပြီးကြားတော့စိုးရိမ်မှုတော့ ဖြစ်မိပါတယ်။ ဘယ်နေရာ မှာ ဖြစ်ဖြစ်ပါရုတ်ရုတ်သဲသဲနဲ့ ပဋ္ဋိပက္ခအသွင်ဆောင်တာမျိုးး မလိုလားဘူး။

သင်္ကြန်ဆိုတဲ့အလှတရားကို မပျက်စေချင်ဘူး။ အားလုံးကိုယ်စားပြုတဲ့ အမြဲတမ်းကျင်းပနေကျဖြစ်တဲ့ ဒီခြိမ့်ခြိမ့်သဲပွဲကိုလည်းအနှောက်အယှက် မဖြစ်စေချင်သလို အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းစေချင်ပါတယ်။

ဘုိဘို(ေအာက္ဆိုဒ္ဒါ)

ဒီနှစ်က နည်းနည်းပူတယ်ဗျ။ ကြားထဲ ကျွန်တော်သီဆိုရမယ့်ပွဲ တစ်ခုကလည်းပျက်သွားတော့ စိတ်ပူခဲ့ရတယ်။ Grand Royal မှာသင်္ကြန်ပြီးတဲ့ ထိရှိနေမှာပါ။ မနှစ်က ထာဝရသင်္ကြန်မှာရှိခဲ့တာ။ အကြမ်းဖက် သမားတွေ အကြမ်းဖက်မှုလုပ်ရပ် ဆိုတဲ့ အသံကြားရပေမယ့်ကျွန်တော့် အတွက် မပူပါဘူး။ နေရာ အနှံ့မှာရှိတဲ့ ကျွန်တော့် ပရိသတ်တွေ အတွက် တော့ စိတ်ပူမိပါတယ်။ဒီနှစ်သင်္ကြန်မှာ အန္တရာယ်ကင်းကင်း နဲ့ ဖြတ်သန်း ကြစေချင်ပါတယ်။

ဖြူဖြူကျော်သိန်း

ဒီနှစ်သင်္ကြန်က ဖြူဖြူ ရဲ့ အနုပညာ သက်တမ်း တစ်လျှောက်မှာ ရန်ကုန်သင်္ကြန် အနေနဲ့ကျတာ ပထမဆုံးပါပဲ။ ရန်ကုန်ပရိသတ်တွေနဲ့ မထိတွေ့ရတာက သင်္ကြန်ဆိုရင် ကြာပြီဆိုတော့ အရမ်းစိတ်လှုပ်ရှားနေတာ။ ဖြူ ဖြူဒီ Grand Royal မဏ္ဍာပ် မှာပဲ သင်္ကြန်အကြိုနေ့ကစပြီးနောက်ဆုံးနေ့အထိ နံနက် နဲ့ည ဖျော်ဖြေမှာပါ။ အကြမ်းဖက်မှုတွေရှိမယ်ဆိုတာက
ပွဲတော်တိုင်း၊နိုင်ငံတိုင်းမှာဖြစ်နေကျပါ။ ကောလဟလတွေလည်းထွက်တတ်ကြပါတယ်။ ဒါပေမယ့်အားလုံးသတိရှိရှိနဲ့သာ သွားလာလှုပ်ရှားပျော်ရွှင်ကြတာအကောင်းဆုံးပေါ့။

အိုင်ရင်းဇင်မာမြင့်

အိုင်းရင်းက သင်္ကြန်ဆိုရင် အရမ်းပျော်တယ်။ မြန်မာ့နှစ်သစ်ကူးပွဲမှာ နိုင်ငံတကာ မှာရှိကြတဲ့ နိုင်ငံခြားသားတွေကလည်း ပါဝင်ဆင်နွှဲကြတာမို့ အရမ်းဂုဏ်ယူဖို့ကောင်းပါတယ်။ အခုချိန်ပရိသတ်တွေ နဲ့ အတူ ဖျော်ဖြေရတာ အရမ်းကျေနပ်တယ်။ ဒီနှစ် ရန်ကုန်ပရိသတ်တွေ နဲ့ အပေးအယူ မျှတယ်လို့ထင်မိတယ်။ အိုင်ရင်းသီချင်းတွေကို အတော်များများ သိကြတာကြောင့်ပါ။ အများပြည်သူတွေပျော်ရွှင်ကြတဲ့ အချိန်မှာတော့ အကြမ်းဖက်မှုတွေ မဖြစ်စေချင်ပါဘူး။ နှစ်ဟောင်းမှာ စိတ်ပင်ပန်းခဲ့သမျှ ကို အတာရေနဲ့ဆေးကြောတဲ့နှစ်သစ်မှာ ပါဝင် ဆင်နွှဲနေကြတဲ့ ရက်အနည်းငယ်အတွင်းမှာအကြမ်းဖက်မှုတွေနဲ့အနိဌာရုံမြင်ကွင်းတွေကိုမမြင် တွေ့ ချင်ပါဘူး။

ဝိုင်းစုခိုင်သိန်း

သင်္ကြန်ပျော်ဖို့ကောင်းတာ ကနှစ်တိုင်းပါပဲ။ ဘာလို့လည်းဆိုတော့ ပရိသတ်တွေနဲ့ အမြဲတမ်းဆုံရတာမို့ပါ။ အကြမ်း ဖက်မှုတွေရှိမယ် ဆိုတဲ့သတင်းတွေကြား ရတာကိုတော့ စိုးရိမ်မိပါတယ်။ မနှစ်ကလည်းအက်ဆစ်နဲ့ပက်မယ်ဆိုတဲ့ ကောလဟလ သတင်းတွေကြားခဲ့ရတာ။ကောလဟလလည်း ဖြစ်နိုင်သလို သူတို့တွေ လုပ်ချင်လည်း လုပ်နိုင်ပေမယ့် ဆုတောင်းနေရတာပါပဲ။ မနှစ်ကလည်းသတင်းထွက်ခဲ့ပေမယ့် မဖြစ်ခဲ့တာကြောင့် ဒီနှစ် မဖြစ်ဖို့တော့ ဆုတောင်းရမှာပါပဲ။

ကြည်ဆုသာ၊ နိုင်ရာ

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ