မင်္ဂလာဆွမ်းကျွေးပွဲ ကျင်းပခဲ့တဲ့ သရုပ်ဆောင်ဖြိုးငွေစိုး နှင့် မော်ဒယ်ဇင်ဇင်

ချစ်သူသက်တမ်း၆နှစ်ကြာအကြာမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တဲ့ သရုပ်ဆောင်ဖြိုးငွေစိုးနဲ့ မဇင်ဇင်သန့်(မော်ဒယ် ဇင်ဇင်) တို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ဧပြီလ တစ်ရက်နေ့ မြရိပ်ညိုဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး တဆက်တည်း နံနက်၁၀နာရီမှာတော့ မင်္ဂလာဆွမ်းကျွေးပွဲကို ဗဟန်းမြို့နယ်မှာရှိတဲ့ ရွှေကျင်နိကာယ သာသနာလင်္ကာရ မဟာဓမ္မ ဗိမာန်တော်ကြီး မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သံဃာတော် ၁၁ ပါးကို နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်။  မင်္ဂလာညစာစားပွဲကိုတော့ ဧပြီလ တစ်ရက်နေ့ ည၇နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး နေရာကတော့ မြရိပ်ညိုဟိုတယ်မှာ ဖြစ်ပါတယ်တဲ့။

စန္ဒီ
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ