ဒီနှစ်နွေရာသီမှာ မိသားစုလိုက် အမေရိကန်ကို တစ်လ ကြာ အပန်းဖြေခရီး ထွက်မယ်လို့ပြောတဲ့ စမိုင်း

စီးပွားရေးလုပ်ငန်းတွေဘက် ဇောင်းပေး လုပ်ကိုင်နေတဲ့အတွက် သင်္ကြန်ပြီး မှ တစ်ကိုယ် တော်ခွေ စီးရီးထွက်ရှိနိုင်မှာဖြစ်တယ်လို့ စမိုင်း က ပြောပါ တယ်။ အခု စမိုင်းအနေနဲ့ မိခင် နေရာရောက် လာပြီဆိုတော့ ကိုယ့်ကလေးတွေကို  အခုနွေရာသီမှာဘာတွေစီစဉ်ပေး ဖြစ်မလဲလို့ မေးကြည့်တော့
“ကိုယ်ကတော့ ကိုယ့်ငယ်ဘဝနဲ့ နှိုင်းယှဉ်ပြီး ကိုယ်ချင်းစာတယ်။ ကိုယ်က ဒီနွေ ရာသီမှာ လွတ်လွတ်လပ်လပ်နေရတော့ ကိုယ့် ကလေးတွေကို လည်း လွတ်လွတ်လပ်လပ်နဲ့ ပေး နားစေချင်တယ်။ ဒီကလေးတွေက တစ်နှစ်ပတ် လုံး ကျောင်းတက်ခဲ့ရတယ်။ သူတို့တွေမှာလည်း စိတ်ဖိစီးမှုရှိကြ မှာပဲ။ ဒီအချိန်မှာအပြင်သင်တန်း တွေဘာတွေထက် ကျောင်းပိတ်ရက်မှာ မိသားစု ပျော်ပျော်ရွှင် ရွှင်အချိန်တွေကုန်စေချင်တယ်” လို့ စမိုင်းကပြော ပါတယ်။ အစ်မတို့ မိသားစု အနေနဲ့ ဒီနှစ်နွေရာသီ အပန်းဖြေခရီးအဖြစ် ဘယ်နေရာကို သွားဖို့စီစဉ်ထားလဲလို့မေးကြည့် တော့ “ကလေးတွေအ တွက် နွေရာသီ ခရီးကို ဒီလ ၁၈ ရက်မှာ အမေရိကန် ကို တစ်လကြာသွား ကြမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်မှာ အစ်မ တို့လုပ် ချင်တဲ့အလုပ်တွေ လုပ်ခွင့်ရပြီးပြီ။ Y talk ၂ နှစ်ပြည့်ကိုလည်း မျှော်လင့်တဲ့အတိုင်းပဲ လုပ်ခွင့်ရပြီးပြီဆိုတော့ ခရီးကို စိတ်ဖြောင့်ဖြောင့် နဲ့သွားလို့ရပြီ။ ပြန်လာလို့  စောရင်တော့ ကမ်းခြေ သွားမယ်။ ကလေးတွေကိုလည်း ရေကူး၊ မြင်းစီး၊ ပန်းချီသင်တန်းလေးတွေကိုတော့ ပို့ မယ်” လို့ စမိုင်းက ပြောပါတယ်။

ဘာသာစကားနဲ့ပတ်သက်ပြီး သင်တန်းကျောင်းတွေပို့ဖို့ရော ရှိ လားလို့မေးကြည့်တော့ “ဘာသာ စာပေ အတတ် ပညာ ကတစ်နှစ် လုံး သူတို့ သင် လာ ပြီး ပြီ။ ဒီသင် တန်းတွေ ပေးတက်မယ် ဆိုတာကလည်း အခုနောက်ပိုင်း ကလေးတွေက စာ တစ်ခုတည်း တော် လို့မရတော့ဘူး။ လုပ်ဆောင်မှု အပိုင်း၊ လုပ်ဆောင်မှု စွမ်းရည်၊ အရည်အချင်း ဒါတွေ အရေးပါလာပြီ။ ကျန်း မာရေး အတွက်လည်း ကောင်းတယ်လေ” လို့ ပြောပြခဲ့ပါတယ်။

စမိုင်းက လတ်တလောမှာ မိတ်ကပ်စတိုးဆိုင်ခွဲအသစ်ကို တော်ဝင်စင်တာမှာ ဖွင့် မှာဖြစ်တယ်လို့လည်းပြောပြခဲ့ပါတယ်။

ထူးထူး
ဓာတ်ပုံ-Aroma (Zulu Studio)
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ