လက်ရွေးစင်အသင်းတွင် အိုဇေးလ်ကို ဖယ်ထုတ်သင့်ပြီဟု ဂျာမန်ဂန္ထဝင်များ မှတ်ချက်ပြု

လက်ရွေးစင် အသင်းတွင် မီဆွတ်အိုဇေးလ်ကို နေရာဖယ်ထုတ်သင့်ပြီဟု ဂျာမန်ဂန္ထဝင် ကစားသမားဟောင်းကြီးများက မှတ်ချက်ပြု ပြောကြားလိုက်သည်။

အာဆင်နယ် အသင်းသို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့သည့်နောက် ဖိအားများအောက်၌ ခြေစွမ်းပျောက်ဆုံးနေသည့် ကွင်းလယ်ဖန်တီးရှင်သည် ဂျာမနီ လက်ရွေးစင် ပထမ (၁၁)ယောက် စာရင်းတွင် မပါဝင်သင့်တော့ဟု လိုသာမားသီးယက်စ်နှင့် ဂန်တာနတ်ဇာတို့က သုံးသပ်ခဲ့သည်။ အဆိုပါ ကစားသမားဟောင်းကြီး နှစ်ဦးလုံးသည် ဂျာမနီအသင်းကို ကမ္ဘာ့ဖလား ဆွတ်ခူးရရှိအောင် ကူညီပေးဖူးပြီး ဂျာမနီ ဘောလုံးလောက၏ မီးရှူးတန်ဆောင်များသဖွယ် လေးစားခံရသူများ ဖြစ်ကြသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲများ ကျင်းပရန် (၄)လမျှသာ လိုတော့သည့် ကာလ၌ ခြေစွမ်းပျောက်နေသော အိုဇေးလ်ကို ဖယ်ရှားပြီး လက်ရွေးစင်အသင်း ပထမ(၁၁)ယောက်ကို အထိုင်ချသင့်ပြီဆိုသော အတွေးကို မားစီးယက်စ်ရော၊ နတ်ဇာကပါ သဘောတူညီကြသည်။ နတ်ဇာကို Kickerက လက်ရွေးစင် အသင်းနှင့် ပတ်သက်ပြီး သဘောထား မေးမြန်း အင်တာဗျူးရာ ၎င်းက “အိုဇေးလ်ဟာ ဦးဆောင် ကစားသမား နေရာနဲ့ အံကိုက်မဖြစ်တော့ဘူး။ အသင်းကို ဦးဆောင်ခွင့် ပေးလိုက်တယ် ဆိုတာက သူ့အတွက် ကောင်းမွန်တဲ့ လမ်းဖွင့်ပေးမှုလည်း မဖြစ်နိုင်ဘူး။ အိုဇေးလ်ဟာ အသင်းမှာ ဩဇာလွှမ်းမိုးနိုင်မယ့် ကိုယ်ရည်ကိုယ်သွေးမျိုးလည်း ရှိမနေဘူးလေ”ဟု မှတ်ချက်ပေးခဲ့သည်။

(၁၉၉၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်း၏ အထင်ကရ ကစားသမား ဖြစ်ခဲ့သော မားသီးရက်စ်က လက်ရွေးစင် အသင်းတွင် အိုဇေးလ်အစား ဘိုင်ယန်မြူးနစ်မှ တိုနီခရူးစ်ကိုသာ အဓိက အားကိုးသင့်ကြောင်း ဆိုသည်။ “အိုဇေးလ်က အကောင်းဆုံး အနေအထား ရှိနေတယ် ဆိုပါစို့။ သူက အသင်းကို ကူညီနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိ သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ သံသယတွေကို တိုးပွားလာစေတယ်။ ဘိုင်ယန်က ကွင်းလယ်ကစားသမားတွေနဲ့ သူ့ကို ယှဉ်ကြည့်တဲ့အခါ ပိုသိသာတယ်။ ခရူးစ်ဟာ အိုဇေးလ်ထက်စာရင် ဂျာမနီအတွက် အများကြီး ပိုမျှော်လင့်နိုင်တယ်”ဟု မားသီးရက်စ်က ဆိုသည်။

ဂျာမနီနည်းပြ ဂျိုအာချင်မ်လိုဝီ အနေဖြင့် ယခင်ကလည်း အိုဇေးလ်နေရာတွင် မာရီယိုဂေါ့ဇီနှင့် မာကိုရူးစ်တို့ကဲ့သို့ ကစားသမား များဖြင့် အစားထိုးသင့်ကြောင်း ဝေဖန် အကြံပေးမှု အများအပြားကို လက်ခံရရှိထားသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ