ချစ်လို့ တော့ရတယ်၊မနမ်းမိစေနဲ့ 

တရုတ်ပြည်ကလူတစ်ယောက်ရဲ့ အဖြစ်ကငိုအားထက်ရယ်အားသန်
ဆိုတာလိုပါ။
သူကတိရိစ္ဆာန်ချစ်တတ်သူတစ်ယောက်ဖြစ်ပြီး လိပ်တစ်ကောင်ကိုတော
ထဲကို သွားလွှတ်ပါတယ်။တောထဲကိုမလွှတ်ခင်မှာ နောက်ဆုံးနုတ်ဆက်
တဲ့အနေနဲ့ လိပ်ကို နမ်းလိုက်ပါတယ်တဲ့။အဲဒီမှာပဲ ပုံမှာတွေ့ တဲ့အတိုင်းပဲ
လိပ်က သူနုတ်ခမ်းကိုဆွဲကိုက်ထားလိုက်တာ နောက်ဆုံးဆေးခန်းကို သွားရတဲ့အဆင့်ကိုရောက်သွားပါတော့တယ်။

လိပ်ကိုနုတ်ဆက်အနမ်းတွေပေးနေတဲ့ပုံကို ဘေးကနေဓာတ်ပုံရိုက်မှတ်တမ်းတင်နေတဲ့ သူ့ သူငယ်ချင်းက ဒီဓာတ်ပုံတွေကိုအင်တာနက်ပေါ်တင်ပြီး လိပ်ကိုနမ်းတာအန္တရာယ်ရှိတဲ့အကြောင်း လူတွေကိုသတိပေးပါတယ်။

ရှန်ဟိုင်းနေ့ စဉ်သတင်းစာရဲ့ အဆိုအရ ဒီလိပ်ဟာမြောက်အမေရိကဇာတိဖြစ်
တဲ့မိကျောင်းလိပ်alligator snapping turtleအမျိုးအစား ဖြစ်ဟန်ရှိပြီး
တော်တော်အန္တရာယ်ရှိတယ် လို့ သိရပါ တယ်။ရေချိုမှာ အကြီးဆုံး
လိပ်မျိုးဖြစ်ပြီးတော့ အလျားမီတာတစ်ရာကျော်အထိကြီးထွားနို်င်ပြီး အသက်က ၁၆၀ထိ အသက်ရှည်လို့ သိပါတယ်။

သူတို့ မေးရိုးတွေဟာအရမ်းအားကောင်းပြီတော့တံမျက်စည်း
တစ်ချောင်းကိုမွမွကြေသည်အထိဝါးနိုင်တဲ့အင်အားရှိပါတယ်။

Ref: the melting pot 4 U

အင်းလေးမီဒီယာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ