အမျိုးသားတစ်ဦး ရေချိုးခန်းရှိ ရေတိုင်ကီအတွင်း ဦးခေါင်းစိုက်သေဆုံး

ရန်ကုန်၊ မတ် ၁၄

၁၃.၃.၂၀၁၄ရက်နေ့ ၀၉၀၀အချိန် လှိုင်မြို့မရဲစခန်းမှူးနှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်တွင် အမျိုးသားတစ်ဦး နေအိမ်ရေချိုးခန်းရှိ ရေတိုင်ကီအတွင်း ဦးခေါင်းစိုက်သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးလွင်မောင် (၄၀)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အရက်သေစာသောက်စားတတ်ကာ စိတ်ကျန်းမာရေး မကောင်းသူဖြစ်ကြောင်း၊ ၁၂.၃.၂၀၁၄ရက်နေ့ညက မိသားစုမှာ အခြားအိမ်တွင် သွားရောက်ညအိပ်ခဲ့ကြသဖြင့် သေဆုံးသူတစ်ဦးတည်း နေအိမ်တွင် ကျန်နေခဲ့ကြောင်း၊ အခင်းဖြစ်နေ့ ၀၈၁၅အချိန်ခန့်တွင် သေဆုံးသူ၏အစ်ကို ဖြစ်သူတို့မှ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ရေချိုးခန်းအတွင်းရှိ အပြာရောင်ပလပ်စတစ် ရေတိုင်ကီအတွင်း ဦးခေါင်းစိုက်ကျကာ ရေနစ်သေဆုံးနေ သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ