မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ၌ ကားမီးလောင်မှုဖြစ်

ရန်ကုန်၊ မတ် ၂၅

၂၅.၃.၂၀၁၄ ရက်နေ့ ၁၂၅၀ အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း အတိုင်း ကမ္ဘာအေးဘုရားဘက်မှ (၈)မိုင်လမ်းဆုံဘက်သို့ ဒဂုံမြောက်မြို့နယ်၊ (၃၆)ရပ်ကွက်နေ ယာဉ်မောင်း ဦးသိန်းနိုင်၊(၅၃)နှစ်၊ (ဘ)ဦးမြင့်အေးမောင်းနှင်လာသော ၉င/---- Toyota Porte ငွေရောင် ကိုယ်ပိုင်ယာဉ်သည် (၈)မိုင်လမ်းဆုံမီးပွိုင့်အရောက် မီးနီ၍ရပ်ထားစဉ် ဓါတ်ဆီတိုင်ကီပိုက် ပြုတ်ထွက်ပြီး အင်ဂျင်အပူရှိန်ဖြင့် မီးစတင်လောင်ကျွမ်း ခဲ့ရာ ဘက္ထရီ၊၀ါယာကြိုးများ၊ ပန်ကာကြိုးများသို့မီးကူးစက်လောင်ကျွမ်းခဲ့၍ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းကျင်မှဝိုင်းငြှိမ်းသတ်ခဲ့သဖြင့် ၁၂၅၂ အချိန် မီးငြိမ်း သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် မော်တော်ယာဉ်၏အင်ဂျင်ခန်း ပျက်စီးခဲ့ပြီး တန်ဖိုး (၁၅၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ဦးသိန်းနိုင်အား မရမ်းကုန်းမြို့မရဲစခန်း (ပ)၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ