ဆိုင်ကယ်နှင့်မြင်းလှည်းတို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

ပင်းတယ ၊ ၁၃-၃-၂ဝ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ ပင်းတယမြို့၊ ရွှေဥမင် ဘုရားလမ်း၊ တရားရုံး အနီးတွင် မတ် ၁၁ ရက် ည ၉ နာရီခွဲ က မော်တော်ဆိုင်ကယ် နှင့် မြင်းလှည်းတို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ မော်တော် ဆိုင်ကယ် မောင်းနှင်သူ သေဆုံးသွား ခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဖိုးကြာ ၂၄ နှစ် (ဘ) ဦးအေးမောင် ( မာဖာကျေးရွာ၊ ပင်းတယ မြို့နယ် နေသူ ) မောင်းနှင်ပြီး မျိုးမင်း ၃၂ နှစ် လိုက်ပါ စီးနင်း လာသော လော်ဂျား အနက်ရောင် ဆိုင်ကယ် နှင့် ဇော်မျိုး ၄ဝနှစ် (ဘ) ဦးချစ်သိန်း ( ပြည်တော်သာ ရပ်ကွက်၊ ပင်းတယမြို့နေသူ ) မောင်းနှင် လာသော အမှတ် ပတယ ၁၃၊ မြင်းလှည်းတို့ ရွှေဥမင် ဘုရားသွား လမ်းမ၌ မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ် မောင်းနှင်သူ ဖိုးကြာ မှာ နေရာတွင် သေဆုံးသွားပြီး မျိုးမင်း နှင့် ဇော်မျိုး တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

ထို့ကြောင့် ယာဉ် မဆင်မခြင် မောင်းနှင်သူ ဖိုးကြာ နှင့် ဇော်မျိုး တို့ ၂ ဦး အား ပင်းတယ မြို့မရဲစခန်း၊ ယာဉ် (ပ) ၃/၂ဝ၁၄၊ ပြစ်မှု ၃၃၇/၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

Themyawadydaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ