ခေတ်မီဇာတ်ရုံ၊ ဆက်တင် ဆန်းများနှင့် ပွဲခွင် စိပ်နေသည့် မင်းသား ဖိုးချစ် ပဲခူး ရွှေမောဓော ဘုရားပွဲ ၌ ဖျော် ဖြေမည်

ရန်ကုန်   မတ်   ၁၈
ယခုနှစ် ဇာတ်သဘင်ရာသီတွင် ရွှေ့ပြောင်းသယ်ယူနိုင်သည့် ခေတ်မီဇာတ်ရုံ၊ ခေတ်မီဆက်တင် မီးတင် ဆက်မှုများနှင့် သဘင်ရာသီတစ်လျှောက် ပွဲခွင်စိပ်စိပ်ဖြင့် မြန်မာနိုင်ငံတွင်း လှည့်လည် ဖျော်ဖြေနေရသည့် မင်းသားဖိုးချစ်သည် ဧပြီလတွင် စတင်ကျင်းပမည့်

ပဲခူးရွှေမောဓော ဘုရားပွဲကြီးတွင် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း ဖိုးချစ်သဘင်အဖွဲ့မှ သိရသည်။

''ကျွန်တော်တို့ ပြောင်းလဲနေတဲ့ခေတ် ရေစီးကြောင်းထဲမှာ မြန်မာ့အနုပညာ သဘင် တင်ဆက်မှုကိုလည်း ခေတ်နဲ့အညီဖြစ်စေဖို့ တင်ဆက်မှုပုံစံ၊ ဆက်တင် အခမ်းအနား အပြင်အဆင်၊ မီးသုံးစွဲမှုကစပြီး နောက်ဆုံး ခေတ်မီဇာတ်ရုံတွေပါ ပြင်ဆင်ဖြည့်တင်းပြီး သဘင်ချစ်ပရိသတ်တွေကို အကောင်းဆုံးသဘင် ဖျော်ဖြေတင် ဆက်မှုတွေ ပေးနိုင်ဖို့ကြိုးစား လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ် သဘင်ရာသီမှာတော့ ပွဲခွင်အရမ်းစိပ်ပါတယ်။ အခု လက်ရှိ စစ်ကိုင်းမှာ သီတဂူ ဆရာတော်ဘုရားကြီး မွေးနေ့မှာ ဖျော်ဖြေပါ့မယ်။ ဒါပြီးရင်ကျွန်တော့် ကုမ္ပဏီက စီစဉ်တဲ့ပွဲတွေမှာ ဖျော်ဖြေပါ့မယ်။ ဧပြီလမှာတော့ ပဲခူးရွှေမောဓော ဘုရားပွဲကြီးမှာ ဖျော်ဖြေရမှာပါ''ဟု မင်း သား ဖိုးချစ်က ပြောကြားခဲ့သည်။

ဖိုးချစ်သည် ပဲခူးရွှေမောဓော ဘုရားပွဲတွင် ဧပြီ ၉ ရက်မှ ဧပြီ ၁၈ ရက်အထိ ၁ဝ ညတိုင် ဖျော်ဖြေမည်ဖြစ် သည်။  ပဲခူးရွှေမောဓော ဘုရားပွဲတွင် ဖိုးချစ်ဇာတ်သဘင် အဖွဲ့နှင့်အတူ ဟန်ဇာမိုးဝင်း ဇာတ်သဘင်အဖွဲ့ ၏ တင်ဆက်မှုနှင့် တခြားသဘင်အဖွဲ့၏ တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း  သိရသည်။ ဖိုးချစ်သည် ၂ဝ၁၄ ခုနှစ် သဘင်ရာသီ ပြီးဆုံးချိန်တွင် ရန်ကုန်မြို့၌ သူ့၏သဘင် ဖျော်ဖြေပွဲကို  ခမ်းခမ်းနားနား ကျင်းပ ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Written by  စကားဝါ

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ