နွေရာသီတွင် စားသင့်သော အရည်ရွှမ်းသည့် သစ်သီးများ

နွေရာသီမှာ စားသင့်တဲ့ ဗီတာမင်ဓာတ် ပေါကြွယ်ဝတဲ့ အရည်ရွှမ်း သစ်သီး တွေကို ဖော်ပြ ပေးလိုက် ပါတယ်။

၁။ သင်္ဘောသီး

သင်္ဘောသီးမှာ ပျော့ပျောင်းပြီး ထောပတ်လို အနှစ်သား ပါဝင်ကာ ထုတ်ရ လွယ်တဲ့ အစေ့ ငယ်တွေ ပါဝင် နေပါတယ်။ အလောတော် သင်္ဘောသီး တစ်လုံးဟာ လက်မ ၂၀ လောက်ကြီးပြီး ခုနစ်လက်မလောက် ရှည်ပါတယ်။ သင်္ဘောသီးမှာ ၁၀ကယ်လိုရီ ပါဝင်ပြီး ဗီတာမင်စီ အများအပြား၊ ဖောလိတ်နဲ့ ပိုတက်စီယမ် အများအပြား ပါဝင် နေပါတယ်။ သင်္ဘောသီးမှာ Papain အင်ဒီဇိုင်း ပါဝင်တဲ့အတွက် အသား ဟင်းချက်ရာမှာ ထည့်သုံးရင် နူးအိ လွယ်သလို စားပြီးချိန်မှာလည်း အစာကြေ လွယ်ပါတယ်။

၂။ သရက်သီး

သရက်သီးဟာ အစိမ်း၊ အဝါကနေ အနီရောင် အထိ အရောင် အမျိုးမျိုး ရှိပါတယ်။ သရက် သီးမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီ၊ ပိုတက် စီယမ်နဲ့ အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင် နေပါတယ်။ သရက်သီးကို အခွံပါးခွားပြီး အစေ့ကို ဖယ်ထုတ်ကာ စားသုံးနိုင်ပါတယ်။

၃။ စူကာသီး

အနံ့စူးရှပြီး ကြက်ဥ၊ ဘဲဥ ပုံသဏ္ဍာန် လောက်ရှိတဲ့ စူကာသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်ဓာတ်နဲ့ အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ စူကာသီးကို အဆီနည်း ဒိန်ချဉ်ထဲနဲ့ သစ်သီးသုပ်ထဲ ထည့်စား နိုင်ပါတယ်။

၎။ မာလကာသီး

မာလကာသီးရဲ့ အရသာဟာ သစ်တော်သီးနဲ့ ဆင်ပြီး မာလကာသီးဟာ ပျမ်းမျှအားဖြင့် ၂-၄ လက်မ လောက်ရှိပါတယ်။ မာလကာသီးမှာ ဗီတာမင်စီ အများဆုံး ပါဝင်နေပြီး ဗီတာမင်အေ၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဖော့စ်ဖာရပ်စ်လည်း ပါဝင်ပါတယ်။

၅။ စောင်းလျားသီး

ချဉ်တဲ့ အရသာရှိပြီး အရည်ရွှမ်းတဲ့ စောင်းလျားသီးတွေဟာ အရှေ့တောင် အာရှမှာ တွေ့ရပါတယ်။ စောင်းလျားသီး တစ်လုံးလုံးကို သုပ်ပြီးလည်း စားနိုင်ပါတယ်။ စောင်းလျား သီးမှာ ဆီးကျောက် တည်စေတဲ့ Oxalic acid ပါဝင် တာကြောင့် ကျောက်ကပ် ရောဂါသည်တွေ အနေနဲ့ စောင်းလျား သီးကို လုံးဝ မစားသင့်ပါဘူး။

၆။ တလည်းသီး

တလည်းသီးဟာ ပန်းသီး အရွယ်လောက် ရှိပြီး အနီရဲ ရောင်အသီးမှာ ပတ္တမြားလို နီရဲနေတဲ့ အစေ့ တွေနဲ့ ပြည့်နေ တတ်ပါတယ်။ အစေ့တွေဟာ ချိုရဲပြီး အရည်ရွမ်း ပါတယ်။ တလည်းစေ့ကို အဆီနည်း ဒိန်ချဉ်ထဲ ထည့်ပြီး ဒါမှမဟုတ် အချိုပွဲမှာ ထည့်ပြီး စားသုံးနိုင်ပါတယ်။ တလည်းစေ့ ခွက်တစ်ဝက်စာမှာ ၈၀ ကယ်လိုရီ ပါဝင်ပါတယ်။

၇။ ကီဝီသီး

ကီဝီသီး တစ်လုံးဟာ ပျမ်းမျှအားဖြင့် ၇၀ ကယ်လိုရီခန့် ပါဝင်ပြီး ပိုတက်စီယမ်နဲ့ အမျှင်ဓာတ် များစွာ ပါဝင်နေပါတယ်။ ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ လိမ္မော်သီးမှာထက် နှစ်ဆပိုများပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီ အားပေး ပါတယ်။ ကီဝီသီးကို ဖျော်ရည်၊ ယိုအဖြစ် တွေ့ရသလို ဒိန်ချဉ်နဲ့ တွဲပြီးလည်း စားနိုင် ပါတယ်။

Ref: Good Health

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ