ယာဉ်မရပ်တန့်မီ ခုန်ချ၍ သေဆုံး

နေပြည်တော်၊ မတ် ၂၀

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာဘုရားအနီးတွင် ယာဉ်ပေါ်မှကလေးတစ်ဦးပြုတ်ကျကြောင်း သတင်းအရ စိုင်ကောင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ လျှော်ချောင်းလေး ကျေးရွာမှ နတ်မောက်မြို့သို့နတ်မောက်မြို့နယ်၊ မြို့မရပ်ကွက်နေ ဖြိုးမင်းသူ(၂၃)နှစ် မောင်းနှင်လာသော ၂ဂ/xxxx ဖောကားအဖြူရောင်ခေါင်းတိုယာဉ်သည် နတ်မောက်-စိုင်ကောင်းလမ်းအတိုင်း မောင်းနှင်လာစဉ် သမှုန်းကုန်းကြီး ဘုရားအနီးအရောက်ယာဉ်ပေါ်တွင် လိုက်ပါလာသူ နတ်မောက်မြို့နယ်၊ သမှုန်းကြီးကျေးရွာအုပ်စု၊ လျှော်ချောင်းလေး ကျေးရွာနေ ထွန်းလင်းအောင်(၁၃)နှစ်သည် ယာဉ်မရပ်တန့်မီခုန်ချခဲ့သောကြောင့် နှာခေါင်းမှသွေးထွက်ဒဏ်ရာ ရရှိကာ သတိလစ်သွား၍ နတ်မောက်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားကြောင်း သိရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဖြိုးမင်းသူအား စိုင်ကောင်းနယ်မြေရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ