တီးဝိုင်းကား တိမ်းမှောက်ခဲ့ရာ လူနှစ်ဦးသေ၊ ၂၃ ဦးဒဏ်ရာရ

အင်းတော်၊ မဇ္ဈိမ။ ။ ဆိုင်းတီးဝိုင်းများ သယ်ဆောင်လာသည့်ယာဉ်တစ်စီး စစ်ကိုင်းတိုင်း၊ သက္ကယ်ကျင်းကျေးရွာအနီးတွင် တိမ်းမှောက်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု အင်းတော်မြို့မရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မတ် ၂၆ ရက်တွင် ပြောကြားသည်။

ထီးချိုင့်မြို့မှ အင်တော်မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာရှိ အလှူပွဲသို့ သွားရောက်မည့် အောင်ကိုကိုအမည်ရှိ ဆိုင်းဝိုင်းများတင်ဆောင်လာသည့် ယာဉ်သည့် မတ် ၂၅ ရက် ည ၆ နာရီ ၁၈ မိနစ်အချိန်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ရာသို့ မြို့နယ်ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံထုတ် ဒေါင်ဖန်းခြောက်ဘီးယာဉ်သည် သက္ကယ်ကျင်းရွာအနီး တောင်ကုန်းအတက်တွင် နောက်ပြန်လျောကျ၍ တိမ်းမှောက်ခဲခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဟာသလူရွှင်တော်နှစ်ဦးမှာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်မှာကျန်လူ (၂၃)ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို အင်းတော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူလျက်ရှိနေသည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောကြားသည်။

အင်းတော်မြို့မရဲစခန်းက ယာဉ်(ပ) ၁၁/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၇၉/ ၃၃၈ / ၃၀၄(က) အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိသည်။

ကိုတိုးကြီး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ