ဝိုင်နီ ဆေးပြားဖြင့် အိုမင်းမှု ဟန့်တားမည်

အညိုရောင် ချောကလက်နှင့် ဝိုင်နီတွင် ပါဝင်သည့် ဓါတုပစ္စည်းတစ် မျိုးသည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သော ကင်ဆာရော ဂါများကို ကာကွယ်နိုင်ပြီး အိုမင်းမှုကို ဟန့်တား ထားနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် သုတေသီ များကဆိုသည်။

Science ဂျာနယ်၌ ဖော်ပြပါရှိသော အဆိုပါ သုတေသနကို ဟားဗတ် တက္ကသိုလ်မှ မျိုးဗီဇ ပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့် အဖွဲ့က ပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိ ဓါတုပစ္စည်း တစ်မျိုးကို အဓိက လေ့လာ ခဲ့ကြသည်။

SIRT1 အမည်ရှိ အင်ဇိုင်းသည် ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာ ရောဂါများ အပါအဝင် ရောဂါ(၂ဝ)မျိုး ခန့်ကို ကာကွယ်ပေးနိုင်ပြီး လေ့ကျင့် ခန်းပြုလုပ်ခြင်း၊ ကယ်လိုရီစားသုံး မှုလျှော့ချခြင်းဖြင့် ယင်းအင်ဇိုင်းကို လှုံ့ဆော် နိုင်သည်။ ထို့ပြင်အင်ဇိုင်း လှုံ့ဆော် ပစ္စည်းများဖြင့်လည်း SIRT1 အလုပ်လုပ်စေရန် ထောက်ပံ့ပေးနိုင်ပြီး အဓိကအကျဆုံး အင်ဇိုင်းလှုံ့ဆော် ပစ္စည်းမှာ resveratrol ဖြစ်သည်။ resveratrol ကို ချောကလက်နှင့် ဝိုင်နီတွင် ပမာဏ အနည်းငယ်စီ တွေ့ရပြီး ဆေးကုမ္ပဏီ များစွာကလည်း resveratrol ကို ဖန်တီးထုတ်လုပ် နိုင်ရန် ကြိုးစားလျက် ရှိကြသည်။

ကြွက်များတွင် စမ်းသပ်ချက် များအရ resveratrol ပေးထားသည့် ကြွက်များသည် သာမန်ကြွက်တစ် ကောင်ထက် နှစ်ဆလျှင် မြန်စွာပြေး နိုင်ပြီး (၁၅) ရာခိုင်နှုန်း သက်တမ်းရှည် သည်ကို တွေ့ရသည်။

သီဟ

Source: MNT

Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ