ဆိုင်ကယ်(၁)စီးကို ခိုးယူလာစဉ် ဖမ်းဆီးရမိပြီး စစ်ဆေးရာမှ ဆိုင်ကယ်(၁၄)စီးခိုးယူခဲ့မှု ထပ်မံပေါ်

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂.၃.၂၀၁၄ ရက်နေ့၁၄၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ပလရရပ်ကွက်၊ (၂)လမ်းပေါ်၌ မြောက်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်နေ ကိုထွဋ်(ခ)သိန်းလှမော်(ဘ)ဦးသိန်းအောင်၊ (၁၂)ရပ်ကွက်နေ ပုံပုံချစ်(ခ)မင်းခန့်ကို (ဘ)ဦးရွှေဌေးနှင့် လှိုင်မိုး(ဘ) ဦးကြည်ညွန့်တို့(၃)ဦးမှ JLM 110 အနက်ရောင်ဆိုင်ကယ်(၁)စီးကို ခိုးယူလာကြစဉ်တွေ့ရှိဖမ်းဆီးရမိသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၁၀၆/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

၎င်းတို့အား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ညပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ လေဆိပ်လမ်းမကြီးတွင်ရပ်ထားသည့် Follow Me125 ရုပ်ဆိုးခဲရောင်ဆိုင်ကယ်(၁)စီးအားခိုးယူရောင်းချထားကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ထို့ပြင် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းတွင်ရပ်ထားသည့် JLM 125 နီ/နက်ရောင်ဆိုင်ကယ်(၁)စီး၊ အမှတ်(၃) လမ်းတွင်ရပ်ထားသည့် KENBO 110 စိမ်းပြာရောင် ဆိုင်ကယ်
(၁)စီး၊ လှိုင်သာယာမြို့နယ်၊(၂)ရပ်ကွက်ရှိ လမ်းပေါ်တွင်ရပ်ထားသော AMBO 125 ခဲ/နက် ရောင်ဆိုင်ကယ်(၁)စီး၊ အနော်ရထာလမ်းတွင်ရပ်ထားသည့် KENBO 125 အနက်ရောင်ဆိုင်ကယ်(၁)စီးနှင့် AMBO125 အနက်ရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း၊ ဖေဖော်ဝါရီလအတွင်းက ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း ပေါ်တွင်ရပ်ထားသည့် KENBO CZI 125 အနက်ရောင်ဆိုင်ကယ်(၁)စီး၊ ပုလဲဆေးရုံရှေ့တွင်ရပ်ထားသည့် JLM 125 နီ/နက်ရောင်ဆိုင်ကယ်(၁)စီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းပေါ်တွင်ရပ်ထားသည့် တာပိုစတား 125 အဖြူရောင်ဆိုင်ကယ်(၁)စီးနှင့်JLM 125 ဖြူ/နက် ရောင်ဆိုင်ကယ်(၁)စီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်လမ်းခွဲအနီး၊ ရန်ကုန်-ပဲခူးလမ်းပေါ်တွင်ရပ်ထားသည့် HI BO BO 125 CZI ခရမ်း/ဖြူရောင်ဆိုင်ကယ်(၁)စီး၊ လှိုင်သာယာမြို့နယ်၊ (၃)ထိပ်၌ လမ်းပေါ်တွင် ရပ်ထားသည့် DAYANG 110 ကျောက်စိမ်းရောင်ဆိုင်ကယ်(၁)စီး၊ (၇)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းပေါ်တွင်ရပ်ထားသည့် JLM 125 ခဲ/နက်ရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း၊ ၁.၃.၂၀၁၄ရက်နေ့ ညပိုင်းတွင် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းပေါ်တွင်ရပ်ထားသည့် YUNDE 110 အနီရောင်ဆိုင်ကယ်(၁)စီးတို့အားလည်းကောင်း ခိုးယူကာ ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းကဲ့သို့ ဆိုင်ကယ်များခိုးယူရောင်းချထားကြကြောင်းပေါ်ပေါက်သဖြင့် ကိုထွဋ်(ခ)သိန်းလှမော်၊ ပုံပုံချစ်(ခ)မင်းခန့်ကိုနှင့် လှိုင်မိုးတို့(၃)ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ သက်သေခံ ဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ