အမျိုးသားတစ်ဦး ရေတွင်းဟောင်းအတွင်း ပြုတ်ကျသေဆုံး

ရန်ကုန်၊ မတ် ၁၄

၁၃.၃.၂၀၁၄ရက်နေ့ ၁၁၃၀အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နွယ်ခွေကျေးရွာအုပ်စု၊ ဂူကြီးကုန်းကျေးရွာ အရှေ့ဘက်ကွင်းရှိ ရေတွင်းဟောင်း အတွင်း၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံး သူမှာ ၎င်းရွာနေ ဖိုးထွေး(ခ)လှိုင်မြင့်ထွန်း (၃၅)နှစ်ဖြစ်ပြီး အချင်း(၁၅)ပေ၊ အနက် (၁၂)ပေ၊ ရေအနက် (၆)ပေခန့်ရှိ ရေတွင်းဟောင်းအတွင်း မှောက်လျှက် အနေအထားဖြင့် ပုတ်ပွကာ သေဆုံးနေ သည်ကိုတွေ့ရှိရ ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် လွန်ခဲ့သော(၈)လခန့်ကစ၍အရက်စွဲကာ စိတ်မူမမှန်ဖြစ်ခဲ့ သဖြင့် ဆေးကုသနေခဲ့ရကြောင်း၊၁၀.၃.၂၀၁၄ရက်နေ့ ၀၄၀၀အချိန်ခန့်တွင် စိတ်ဖောက်ပြန်ကာ နေအိမ်မှထွက်ပြေးပျောက်ဆုံး နေခဲ့ကြောင်းကို သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ထောက်ကြန့်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၆/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ