ကန်းထရီး အဆိုတော် တေးလာဆွစ်ဖ် Billboard ၏ ဝင်ငွေ အများဆုံး ရရှိသည့် စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်

လော့စ်အိန်ဂျလိစ် မတ် ၁၁

ကန်းထရီး အဆိုတော် တေးလာဆွစ်ဖ်သည် Billboard ၏ ၂ဝ၁၃ ခုနှစ်အတွက် ဝင်ငွေ အများဆုံး ရရှိခဲ့သည့် အနုပညာရှင် စာရင်းတွင် ထိပ်ဆုံးမှပြန်လည် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ အသက်

၂၄ နှစ် အရွယ်ရှိ တေးလာ၏ သီချင်းခွေ ရောင်းရငွေ၊ ဖျော်ဖြေရေး ခရီးစဉ်နှင့် သူမ၏ ထင်ပေါ်ကျော်ကြားမှု စသည်တို့အတွက် ရရှိခဲ့သည့် စုစုပေါင်း ဝင်ငွေမှာ ၂ဝ၁၃ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၇ သန်းအထိ ရရှိခဲ့ကြောင်းနှင့် ယခုလို ရရှိမှုသည် ၂ဝ၁၂ ခုနှစ် အတွင်းက ရရှိခဲ့သည့် ဝင်ငွေအများဆုံး အနုပညာရှင် မက်ဒေါနားအား ကျော်တက်ခဲ့ကြောင်း သိရသည်။

Billboard စာရင်း ဝင်ငွေအများဆုံး ရရှိမှုစာရင်း၏ ဒုတိယ နေရာတွင် ကန်းထရီး အကျော်အမော် ကီနီချက်စ်နီက ရပ်တည်ခဲ့ပြီး တတိယနေရာတွင် ပေါ့ပ်အဆိုတော် ဂျက်စတင် တင်းဘားလိတ်စ်က လည်းကောင်း၊ ရော့ခ်အဆိုတော် ဘွန်ဂျိုဗီနှင့် ကမ္ဘာကျော် Rolling Stones ရော့ခ်တေးဂီတ အဖွဲ့က နံပါတ်ငါး နေရာတွင် လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် တေးလာ၏ " Red Tour" ဖျော်ဖြေမှုသည် အမေရိကန် ပြည်ထောင်စုတွင် ၂ဝ၁၃ ခုနှစ် ခြောက်လအတွင်း ဒေါ်လာသန်း ၃ဝ ထိ ရရှိခဲ့သည့်အပြင် တစ်နှစ်တာ၏ အရောင်းရဆုံး အခွေဖြစ်ခဲ့ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ