Valentine Day ကို တစ်ယောက်တည်း ဖြတ်သန်းမယ် ကောင်းပြည့်

Valentine Day ကို တစ်ယောက်တည်း ဖြတ်သန်းမယ် ကောင်းပြည့် Valentine Day အစီအစဉ် ကတော့ ကျွန်တော် ဘာမှ မရှိပါဘူး။ ကျွန်တော် အဲဒီနေ့မှာ ကားရိုက်ပဲရှိ ပါတယ်။Valentine Day မှာဖီလင် က အသည်းကွဲ တာလား၊ single ဖြစ်တာလား ဆိုတာကိုတော့ ဖီလင် ကအခု ဘာမှမရှိတော့ဘူး။ အခု ကျွန်တော် တစ်ယောက်တည်းပါပဲ။ တစ်ယောက်တည်း ဆိုတော့ဝမ်းနည်း မလားဆိုရင် ကျွန်တော် စိတ်ညစ်နေ တယ်။ စိတ်တွေ ရှုပ်နေရင်လည်း ကျွန်တော်အ လုပ်နဲ့ပဲ ဖြတ်သန်း သွားမှာပါ။ ဘာမှ လုပ်လို့မှ မရတော့ တာ။ အမှတ်တရ Valentine Day ရယ်လို့ ကျွန်တော့်မှာ အတိအကျ ကြီးမရှိခဲ့ ပါဘူး။

အဲဒီနေ့မှာ ကျွန်တော် အလုပ်လုပ်ဖြစ်တာတွေ များနေတော့ အဲဒီရက်တွေမှာ အမှတ်တရ ကျွန်တော့်မှာမရှိခဲ့ဘူး။ Valentine Day မှာပျော်ကြမယ့် ချစ်သူတွေကို ပြောချင် တာကတော့ အဓိက က တော့တစ်ယောက်နဲ့တစ် ယောက် တကယ်ချစ်လို့ ရှိရင် သစ္စာ ရှိဖို့ပဲ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ နဲ့ချစ်ကြပါလို့ ကျွန်တော် အဲဒါပဲ ပြောချင် ပါတယ်။ အခုလတ်တ လော ဗီဒီယိုကားတွေတောက် လျှောက်ရိုက်ဖြစ် နေတယ်။

ထူးထူး ခြားခြားလုပ် ထားတဲ့ ဗီဒီယို ဇာတ်ကား မျိုးတော့ လောလော ဆယ် ရိုက်ထားတာ မရှိသေးဘူး။ Show တွေလျှောက်ဖြစ်တယ်။ ဓာတ်ပုံတွေ ရိုက်ဖြစ် နေတယ်။ ၂၀၁၄ ခုနှစ်မှာ ဗီဒီယိုတွေပိုပြီးတော့ ရိုက်လာ ရပါတယ်။ ကျွန်တော် ကအခု လတ်တလော စိတ်ညစ် နေတာတွေကို ဖျောက်ပြီးတော့ကိုယ့် အလုပ် ပေါ်မှာပဲ စိတ်နှစ်ပြီးတော့ အကောင်းဆုံးကြိုးစား သွားပါမယ်။ ပရိသတ်တွေလည်း ကျွန်တော့်ကို အားပေးကြ မယ်လို့ ထင်ပါတယ်။ အခု လောလောဆယ် ရိုက်ထားတာ က ဝတ်မှုံရွှေရည်နဲ့ ရိုက်ထားတယ်။

By 8 Days


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ