H7N9 ရောဂါပိုး ကာကွယ်ဆေး တရုတ် သုတေသီများ စမ်းသပ်တီထွင်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ သုတေသီ များသည် H7N9 ရောဂါပိုး ကာကွယ်ဆေးကို ကနဦး အနေဖြင့် စမ်းသပ်တီထွင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြခဲ့သည်။

တရုတ် သုတေသီ များသည် နိုင်ငံအတွင်း မြင့်တက်လာသည့် အဆိုပါ ရောဂါ ကူးစက်မှု များကို ထိန်းချုပ် ကာကွယ်နိုင်ရန် ကြိုးပမ်းချက် တစ်ရပ် အနေဖြင့် ယင်းကာကွယ် ဆေးကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ အရှေ့ပိုင်း ကျဲကျန်း ပြည်နယ်တွင် H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက် ခံရသူတစ်ဦးကို ထပ်မံ တွေ့ရှိရသည့် အတွက် ယခုနှစ် အတွင်း ၎င်းပြည်နယ်တွင် အဆိုပါ ရောဂါပိုး ကူးစက် ခံရသူ ၇၄ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

အသက် ၆၁ နှစ်အရွယ်ရှိ ဟန်ကျိုးမြို့ ရှောင်ရှန် ခရိုင်မှ အဆိုပါ အမျိုးသား၏ အခြေအနေမှာ စိုးရိမ်ရသည့် အနေအထား ရှိသည်ဟု သိရသည်။

ထို့အပြင် H7N9 ရောဂါပိုး ကူးစက် ခံရပြီးနောက် အသက် ၅၃ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းဆု ခရိုင်မှ တာဝန်ရှိသူ များက ထုတ်ဖော် ပြောကြား ထားသည်။

၎င်းရောဂါပိုး ကာကွယ်ဆေးကို ကနဦး အနေဖြင့် တိရစ္ဆာန် များတွင် စမ်းသပ်အောင်မြင် ခဲ့ပြီးဖြစ်ကြောင်း ရှန်ဟိုင်းပြည်သူ့ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ များက ဆင်ဟွာသတင်း ဌာနသို့ ပြောကြားခဲ့သည်။

မြ၀တီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ