ဘာမင်ဂမ်အသင်းကို ရှုံးနိမ့်ခဲ့ရသည့် အဖြစ်မျိုး ထပ်မံ အဖြစ်မခံနိုင်ကြောင်း အသင်းဖော်များကို သတိပေးလိုက်သည့် နာစရီ

မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား ဆင်မာ နာစရီဟာ လာမည့် တနင်္ဂနွေနေ့မှာ ကစားမည့် ကပ်ပီတယ်ဝမ်းဖလား ဖိုင်နယ်မှာ ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်လို့ မဖြစ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားလိုက်သည်။ နာစဆီဟာ အာဆင်နယ်ကစားသမားအဖြစ် ကစားခဲ့စဉ်က ဘာမင်ဂမ်အသင်းကို ကာလင်းဖလား ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ဖူးသည့် အတွေ့အကြုံ ရှိခဲ့ဖူးပြီး ထိုစဉ်က ရလာဒ်မကောင်းခဲ့သည့်အတွေ့အကြုံအရ ယခုတစ်ကြိမ် ထပ်မံ အဖြစ်မခံနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နာစရီက “ကျနော် ၂၀၁၁ ခုနှစ်တုန်းက အာဆင်နယ်အသင်းနှင့် ကာလင်းဖလား ဖိုင်နယ်မှာ ဘာမင်ဂမ်ကို ရှုံးနိမ့်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ အဲ့ဒီ ရှုံးပွဲ နောက်ပိုင်းမှာ ကျနော်တို့ အမှတ်ပေးဖလားပြိုင်ပွဲမှာ နိုင်ပွဲ ၂ ပွဲပဲ ရခဲ့တာပါ။ ဒီတော့ နိုင်ပွဲ ရဖို့ ကျနော်တို့အတွက် တကယ်အရေးပါနေပါတယ်။ ကျနော်တို့ ဒါမှ ယုံကြည်မှုတွေ ပြန်ရနိုင်မှာပါ။”

“ကျနော် ကလပ်အသင်းတွေနှင့်အတူ ဝင်ဘလေမှာ ကစားခဲ့ရတဲ့ ပွဲတွေမှာ မှတ်တမ်းကောင်းတွေ မရှိခဲ့ပါဘူး။ ဖိုင်နယ်ပွဲတွေမှာ ကျနော် အာဆင်နယ်အသင်းနှင့်အတူ ရှုံးနိမ့်ခဲ့ဖူးသလို မန်ချက်စတာစီးတီးအသင်းနှင့်လည်း ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နိုင်ငံ့လက်ရွေးစင်အသင်းနှင့်တော့ အင်္ဂလန်အသင်းကို အဲ့ဒီကွင်းမှာ အနိုင်ရခဲ့ဖူးပါတယ်။ အဲ့ဒီလို နိုင်ပွဲမျိုး ထပ်ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အောင်စိုးမိုး
https://www.facebook.com/footballcafe.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ