အမဲလိုက်မုဆိုးတစ်ဦး သေနတ်ခလုတ်ပြုတ်၍ သေဆုံး

ကလေး ၊ ၂၀-၂-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးမြို့နယ် ၊ နတ်ကြီးကုန်း ကျေးရွာ ၏ မြောက်ဘက် ၁၅ မိုင်ခန့် အကွာရှိ မိုးကောင်း ချောင်းဖျား တောတွင်း တစ်နေရာ တွင် အမဲလိုက် မုဆိုးတစ်ဦး ကိုယ့်သေနတ် ဖြင့် ကိုယ်ပစ်ခတ် မိကာ သေဆုံး ခဲ့ရသည့် အတွက် ကလေး မြို့မရဲစခန်း ရှိ တာဝန်မှူး ရဲအုပ် ၀င်းထွဋ်ရှိန် မှ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။

သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေသည့် အမဲလိုက် မုဆိုးမှာ ဇေယျာအောင် (ခ) ဖြူဖွေး ၊ အသက် ၂၀ ဖြစ်ပြီး အမဲလိုက် ရာတွင် အသုံးပြုသည့် တူမီး သေနတ်ကို ယမ်းများ သိပ်၍ သစ်ခုတ် သွားရတွင် ယူဆောင် သွားသော သေနတ်ကို ချုံတစ်ခု အတွင်း၌ ၀ှက်ထားခဲ့ပြီး သားကောင် တွေ့သည့် အခါ သေနတ်ဖြင့် ပစ်ရန် ချုံထဲရှိ သေနတ်ကို ပြောင်းအ၀ ဘက်မှ ပြန်လည် ဆွဲယူရာက သေနတ်ခလုတ်မှာ ချုံနှင့်ငြိ၍ မောင်းပြုတ် သွားသဖြင့် ထိမှန် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သေနတ် ပြောင်းဝနှင့် တည့်နေသော မုဆိုး၏ ယာဘက်ရင်အုံကို ထိမှန်၍ ပွင့်ထွက် သေဆုံး ခဲ့ရခြင်း ဖြစ်သည်ဟု ရဲဌာန၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ သေဆုံးခဲ့မှုကို ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၆ နာရီ ၁၈ မိနစ်တွင် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ အရ အမှုရေးဖွင့် ထားကြောင်းသိရှိရသည်။ (၄၅၁)

Themyawadydaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ