ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်

စွဲစွဲမြဲမြဲလုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့်တစ်ခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်းလို မကောင်းတဲ့အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသားကင်ဆာ ဌာနကနေ ဆေးလိပ်ပြတ်အောင်

ဖြတ်တဲ့နည်းတွေကို အောက်ပါအတိုင်းဖော်ပြပေးထားသည်။

ဆေးလိပ်ဖြတ်ပြီးချိန်မှာ---ဆေးလိပ်ဖြတ်တဲ့အကြောင်း ချရေးပါ။ဘာကြောင့် ဆေးလိပ်ဖြတ်ချင်တယ်ဆိုတဲ့အကြောင်းပြချက်ကိုပါ စာရင်းနဲ့ချရေးပါ။ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်းစာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ထားပြီး မနက်တိုင်း ရွတ်ပေးပါ။ ပန်းအိုးထားရှိပါ။ အခန်းထဲ

မှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက်အများကြီး ရနံ့သင်းပျံ့စေပါတယ်။ သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည် သုံးပါ။ ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နဲ့ကင်းတဲ့ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ်ဆိုတာ သင်သိလာမှာပါ။ သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့အကျင့်ရှိရင် အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။ ငွေစုပါ။နေ့စဉ်ဆေးလိပ်ဖိုးအတွက် ကုန်ကျငွေကိုစုဘူးထဲမှာ စုဆောင်းပါ။ လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထားပါ။ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာတွေကိုရှောင်ပါ။ ဆေးလိပ်သောက်ချင်စိတ် မပေါ်အောင် ပီကေဝါးနေလိုက်ပါ။ ။

ကြည်စင်ဝင်းသန့်

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ