ရထားနှင့်ဆိုင်ကယ်တိုက်မိ၍ ၂ ဦးသေ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၉)ရပ်ကွက်၊ ထီးလှိုင်လမ်းနှင့်ရထားသံလမ်းဆုံ၊ ရန်ကုန်-မန္တလေးရထားလမ်း၊ ကြေးနန်း မိုင်တိုင်အမှတ်(၁၆၇/၉-၁၀)ကြားတွင် ရထားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ တောင်ငူမြို့၊ (၁၇)ရပ်ကွက်နေ မြန်မာ့မီးရထားဂိတ်စောင့်လုပ်သား မြင့်ဦး(၃၄)နှစ်မှ ရထားလာမည်ဖြစ်၍ ရထားသံလမ်းဂိတ်မောင်းတံ အားပိတ်နေစဉ် တောင်ငူမြို့တွင်းမှ တောင်ငူမြို့၊ ပေါက်ကြီးရွာနေ သိန်းနိုင်(၃၀)နှစ် မောင်းနှင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လောကဓမ္မရပ်ကွက်နေ ကျော်နိုင်ဝင်း(၃၄)နှစ်လိုက်ပါ လာသည့်ဆိုင်ကယ်သည် ရထားသံလမ်းဂိတ်မောင်းတံအောက်မှ ဖြတ်သန်းမောင်းနှင်ခဲ့ရာ တောင်ငူ ဘူတာမှထွက်ခွာလာသော အမှတ်(၃)အဆန် ရန်ကုန်-မန္တလေးရထားဖြင့် တိုက်မိခဲ့ကြောင်းတွေ့ရှိ ရသည်။ ထိုသို့ တိုက်မိမှုကြောင့် သိန်းနိုင်နှင့် ကျော်နိုင်ဝင်းတို့တွင် ဦးခေါင်းပေါက်ပြဲ၊ ပါးစပ်/နား သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ သိန်းနိုင်အား တောင်ငူမြို့မ ရဲစခန်း (ပ)၅၁/၂၀၁၄၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ