ယောက်ျားယူရမည်စိုး၍ သေကြောင်းကြံအဆိပ်သောက်

ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိ။ ။ မိဘများက ယောက်ျားပေးစားမည်ဆိုသဖြင့် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ပိုလို ကြမ်းပိုးသတ်ဆေးသောက်သုံးခဲ့သူမှာ လမ်းမတော်မြို့နယ် ၁၅လမ်းတွင် နေထိုင်သည့် အသက် ၂၅နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ထိုသတင်းကြောင့် ရန်ကုန်ဆေးရုံကြီးကို သွားရောက်စစ်ဆေးခဲ့သည့် လမ်းမတော် ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်။

သူမသည် ရန်ကုန်ဆေးရုံကြီး အမျိုးသမီးကုသဆောင် (၁၀)တွင် တက်ရောက်ကုသနေရပြီး မိဘများက အိမ်ထောင်ချပေးမည်ပြော၍ စိတ်ညစ်သဖြင့် ပိုလိုပိုးသတ်ဆေးသောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့သည်။

ထို့ကြောင့်ပင် မိမိကိုယ်ကို သေကြောင်းကြံစည်သူအပေါ် အရေးယူပေးရန် ဒုရဲအုပ် အောင်နိုင်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရဲစခန်းက (ပ)၃၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့်အရေးယူရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ ရက်ကလည်း ကွမ်းခြံကုန်းမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ရည်စားထားသည်ကို အဒေါ်ဖြစ်သူက ဆူခဲ့သဖြင့် အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့သည်။

Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ