အမည်မသိ အမျိုးသားတစ်ဦးအား နောက်မှ(၁၂)ဘီးကားဖြင့် ဝင်တိုက်မိ၍ သေဆုံး

တောင်ငူ ဖေဖေါ်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ ရန်ကုန်- မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင်အမှတ် ၂၁၄/၇ နှင့် ၂၁၅/၀ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်- မန္တလေးပုံမှန် ကားလမ်း မိုင်တိုင်အမှတ် ၂၁၄/၇ နှင့် ၂၁၅/၀ အကြားတွင် တောင်မှမြောက်သို့ လမ်းလျှောက်သွားသူ အသက် (၄၅) နှစ်ခန့်၊ အမည်မသိ အမျိုးသား တစ်ဦးအား ၄င်းလမ်းအတိုင်း မောင်းနှင်လာသော ဇင်မင်းထွန်း (၂၃) နှစ်၊ (ဘ) ဦးဟန်တင်၊ ညောင်ပင်ခြံ ကျေး၇ွာ၊ ခင်ဦးမြို့နေသူ မောင်းနှင်လာသော ၉ခ/ ၃၈၂၇ နီဆန်းဒီဇယ် အဖြူရောင် (၁၂) ဘီးယာဉ်မှ နောက်မှ ဝင်ရောက် တိုက်မိသဖြင့် အမည်မသိ အမျိုးသားတွင် ဦးခေါင်း ကြေမွဒဏ်ရာ၊ ဝဲ/ ယာခြေကျိုး ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

ဇင်မင်းထွန်းအား ရေးယူပေးပါရန် ရဲအုပ်ကျော်ကျော်ဝင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရေနီနယ်မြေ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၄-က အရအမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ