မက်ဒရစ်ကို ရှော့ကေး အနိုင်ယူနိုင်စွမ်းရှိဟု ဟန်တဲလား ပြောကြား

ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်တွင် ရီးယဲမက်ဒရစ်နှင့် တွေ့ဆုံရမည် ဖြစ်သော်လည်း မိမိတို့ အသင်းအနေဖြင့် လာလီဂါ ထိပ်သီးအသင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ရှော့ကေး တိုက်စစ်မှူး ဟန်တဲလားက ပြောကြားလိုက်သည်။

ရှော့ကေးအသင်းသည် ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ချယ်ဆီး၏ နောက်တွင်သာ ရပ်တည်နိုင်ခဲ့သောကြောင့် ရှုံးထွက်အဆင့်တွင် ရီးယဲမက်ဒရစ်နှင့် တွေ့ဆုံရခြင်း ဖြစ်သည်။ ထို့နောက် ဟန်တဲလားက မိမိတို့အသင်းသည် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်စွမ်း ရှိကြောင်း သို့သော် ရီးယဲမက်ဒရစ် အသင်းသည် ချန်ပီယံလိဂ်တွင် ချန်ပီယံအဖြစ် ရေပန်းစားနေသည့် အသင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

“ကျွန်တော့် အမြင်ကတော့ ရီးယဲမက်ဒရစ်က ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့က ပထမအကျော့ ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရပါမယ်။ မက်ဒရစ်ကို အနိုင်ယူဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး” ဟု ဟန်တဲလားက ပြောကြားခဲ့သည်။

ဟန်တဲလားသည် ၂၀၀၈-၀၉ ဘောလုံးရာသီက မက်ဒရစ်တွင် ကစားခဲ့စဉ် လာလီဂါ ပွဲ ၂၀ တွင် ၈ ဂိုး သွင်းယူနိုင်ခဲ့သည်။

“မက်ဒရစ်မှာ ကစားရတဲ့ အခိုက်အတန့်က အရမ်းကို ထူးခြားလှပါတယ်။ မက်ဒရစ်က ကြီးကျယ် ခမ်းနားတဲ့ အသင်းပါ။ အဲ့ဒီလို အသင်းမျိုးနဲ့ ယှဉ်ပြိုင်ရတာကို ကျွန်တော် နှစ်သက်ပါတယ်” ဟု ဟန်တဲလားက ဆိုခဲ့သည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ