အထည်ချုပ်ကြိုပို့ကားနှင့် ဆိုင်ကယ် တိုက်မိပြီး လူသုံးဦးသေဆုံး

အထည်ချုပ်စက်ရုံဝန် ထမ်းကြိုပို့ယာဉ်နှင့် ဆိုင်ကယ်တစ်စီးတို့ ဒဂုံဆိပ်ကမ်းလမ်းဆုံတွင် တိုက်မိရာမှ ယာဉ်နှင့်ဆိုင်ကယ်ပေါ်ရှိ လူသုံးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း ပေါ်တွင် မောင်းလာသည့် GIOGON အထည်ချုပ်စက်ရုံ ၀န်ထမ်းကြိုပို့ယာဉ်နှင့် မျက်နှာချင်းဆိုင်မောင်းလာသည့် ဆိုင်ကယ်တို့သည် ဖေဖော်ဝါရီ ၁၃ရက်ညက ရတနာလမ်းနှင့်  ရွှေလီလမ်းဆုံတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ၀န်ထမ်းကြို၊ ပို့ ယာဉ်သည် လမ်းယာဘက်ရှိ မြောင်းထဲသို့ ထိုးကျကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

Author: သန်းဌေး
7day Daily

တိမ်းမှောက်သွားသည့် အထည်ချုပ်ကြိုပို့ယာဉ်အားတွေ့ရစဉ် ဓာတ်ပုံ-နာရေးကူညီမှုအသင်း(ရန်ကုန်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ