ဆွဲကြိုးလုယက်သူ သုံးဦး မန္တလေး၌ ဖမ်းမိ

မန္တလေး၊ ဖေဖော်ဝါရီ-၁၉

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ဒေါနဘွားရပ်ကွက်စံနန်းတော်တိုက်တန်းတိုက်ခန်းအမှတ် (R)နေ ဦးခင်မောင်ဝင်း(၆၂)နှစ်သစ်ထုတ်လုပ်ရေးမန်နေဂျာ (ငြိမ်း)သည် ၂၀၁၃ခုနှစ်နိုဝင်ဘာ ၂၄ ရက် နံနက်၅ နာရီခွဲခန့် က နေအိမ် ရှိ ခွေးများအားလမ်းလျှောက်ထိန်းကျောင်းရာမှ နေအိမ်သို့ပြန်လာပြီး ဇနီး
ဒေါ်လှလှမြင့်(ခ) ဒေါ်ခင်မိုးက ခွေးများအားအိမ်နောက်ဖေးခွေးလှောင် အိမ် အတွင်းပို့နေစဉ် နေအိမ်ရှေ့၌ ခွေးဟောင်သံကြားရသဖြင့် ထွက်ကြည့်ရာ ခင်ပွန်း ဦးခင်မောင်ဝင်း၏ ဦးခေါင်းယာချိုစောင်းတွင် ရိုက်နှက်ခံရသည့် ဖူးရောင်ဒဏ်ရာရရှိပြီး၎င်း၏လည်ပင်းတွင် ဆွဲထားသော အလေးချိန် ငါးကျပ်သားခန့်ရှိရွှေဆွဲကြိုးတစ်ကုံး (တန်ဖိုးငွေကျပ်သိန်း ၃၀ ကျော်ခန့်) လုယူခံခဲ့ရကြောင်းသိရသည်။ ဦးခင်မောင်ဝင်းမှာ ဒီဇင်ဘာ ၄ ရက်
တွင် ရရှိသော ဒဏ်ရာဖြင့် မန္တလေးဆေးရုံကြီး၌သေဆုံးခဲ့သည်။

အမှုမှ တရားခံဖမ်းဆီးရမိရေးအတွက် တိုင်းရဲအကူတပ်ဖွဲ့ခွဲ (မှု/ကူ) မှ ဒုရဲမှူး သန်းဇော်ဝင်းဦးစီးသော ဒုရဲအုပ်စောမင်းသန်း၊ ဒုရဲအုပ်ကျော်ဗလနှင့်တပ်ဖွဲ့ဝင်များသည်အမှုနှင့်ပတ်သက်၍သတင်းစုံ စမ်းဆောင်ရွက်ခဲ့ရာအာင် ကျော်စိုး(ခ)ရှကီရာသည် ဆွဲကြိုးဖြတ်လုယက်မှုကျူးလွန်ထားကြောင်းမသင်္ကာဖွယ်သတင်းရ ရှိ၍ ဖေဖော်ဝါရီ ၁၄ ရက်က ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် သုသု-၂၄ တွင် တွေ့ရှိ၍စစ်မေးခဲ့သည်။

စစ်ဆေးချက်အရ အောင်ကျော်စိုး (ခ) ရှကီရာသည်လွန်ခဲ့သည့် သုံးလခန့် နံနက် ၅ နာရီခန့် က သက်အောင် (ခ)ဂျာနယ်မ၊ သဲသဲတို့နှင့်အတူကျုံးအရှေ့ဘက်သုဓမ္မာဇရပ်တန်းအနီး၌ဦးခင်မောင်ဝင်းအား ခွေးနှစ် ကောင် နှင့်တွ့ရှိ၍ စကားရပ်ပြောနေစဉ် သဲသဲက ဦးခင်မောင်ဝင်း၏ လည်ပင်းမှ ဆွဲကြိုးအားဖြုတ်ပြီး အောင်ကျော်စိုး (ခ) ရှကီရာကအနီးတွင် တွေ့ရသောတုတ်ချောင်းဖြင့်ဦးခေါင်းအား နှစ် ချက်ရိုက်ရာလဲကျသွားသဖြင့် ၎င်းင်းတို့သုံး ဦးထွက်ပြေးခဲ့သည်။

လုယူရရှိသော ရွှေဆွဲကြိုးအားမန်းမြို့ဈေးတွင်ကျပ်သိန်း၂၀ ဖြင့် ရောင်း ချပြီး အောင်ကျော်စိုး (ခ) ရှကီရာက ကျပ် ၁၀သိန်း၊သက်အောင်(ခ) ဂျာနယ်မနှင့်သဲသဲတို့ကငါးသိန်းစီခွဲဝေယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက် သဖြင့် ရွှေ ဆွဲကြိုး ရောင်းရငွေဖြင့်ဝယ်ယူထားသော အ၀တ်အထည်၊ အလှပြင်ပစ္စည်း၊ ဆိုင်ကယ်တို့အား သိမ်းဆည်းပြီး အောင်ကျော်စိုး (ခ) ရှကီရာ အသက် (၂၀)တ-၂၃ သင်ပန်းကုန်းရပ်ကွက်၊ သက်အောင် (ခ) ဂျာနယ်မရွှေကျင်ရပ်ကွက်၊သဲသဲအသက်(၂၀) ဒေါနဘွားရပ်ကွက်နေ သူတို့အား အမှတ် (၁) ရဲစခန်းမှ (ပ) ၂၀၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ၃၀၂/၃၈၆ အရ အရေးယူထားသည်။

မောင်ပြည်သူ၊
စံတော်ချိန် နေ့စဉ်သတင်းစာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ