ကုန်တင်ယာဉ်မှ ခရီးသည်တင်ယာဉ်အား နောက်ဖက်မှတိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် လှည်းကူးမြို့နယ်၊ အမှတ်(၂) လမ်းမကြီးအတိုင်း ဇရပ်ကွင်းရွာဘက်မှ ဆားတလင်းကျေးရွာဘက်သို့ ယာဉ်မောင်း အောင်ဆန်းကြည်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော 4A---- နစ်ဆန်းဒီဇယ် (၁၂)ဘီးကုန်တင်ယာဉ်သည် မိုင်တိုင်အမှတ် (၂၆/၄)အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဆည်မြောင်းမှတ်တိုင်၌ ခရီးသည်တင်/ချပြုလုပ်နေ သော လှည်းကူး-ဒါးပိန်-သင်္ဃန်းကျွန်း ပြေးဆွဲသည့် 6A---- ခရီးသည်တင် ဒိုင်နာယာဉ်၏ နောက်ဖက်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် 6A---- ယာဉ်ပေါ်ပါ ခရီးသည် ခလရ(၇၂) လွိုင်ကော်မှ ဗိုလ်ကြီးစောနိုင်ဟိန်းမှာ ယာခြေသလုံးကျိုး၊ ကျောပြင်ညိုမဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အခြားခရီးသည် (၃)ဦးတို့တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ဒါးပိန်ဆေးရုံ၌ ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကုန်တင်ယာဉ်မောင်း အောင်ဆန်းကြည်အား ဒါးပိန်နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပုဒ်မ ၃၃၇/၃၀၄-က ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ