Miss Grand Slam 2013 ၏ Top-10 တွင် ခင်ဝင့်ဝါ ထပ်မံပါဝင်

Global Beauties Website က ချီးမြှင့်မည့် Miss Grand Slam 2013 ၏Top-10 Semi-finalists ထပ်မံ ရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ ခင်ဝင့်ဝါသည် ထပ်မံပါဝင်ခဲ့ပြန်သည်

Miss Grand Slam 2013 အတွက် Global Beauties Website မှ ၈၂ ယောက် အဆင့်ဆင့်ထပ်မံရွေး ချယ်ခဲ့ရာတွင် ယခုတစ်ကြိမ် ထပ်မံရွေးချယ်သည့် ၁၀ ယောက်စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ခင်ဝင့်ဝါသည် Miss Supranational 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက်ပိုင်း အလှမယ်ဝက်ဘ် ဆိုဒ်များ၏ အလှမယ်ရွေးချယ်မှုများတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

“ညီမ အခုလို ဆန်ခါတင်အဆင့်ဆင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရွေးချယ်ခြင်းခံရတော့ အရမ်း ပဲဝမ်းသာလှပါတယ်”ဟု ခင်ဝင့်ဝါက ပြောသည်။
Miss Grand Slam 2013 သည် မဲအရေအတွက်ဖြင့် ဆုံးဖြတ်ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Miss Grand Slam 2013 အတွက်Top-10 ရွေးချယ်ပြီးသည့်အခါတွင် နောက်ထပ်မဲအရေအတွက်ပေါ် မူတည်ပြီး မဲအများဆုံးအလှမယ်တစ်ဦးသည် Best Top-5 စာရင်းကို တက်လှမ်းခွင့်ရမည်ဖြစ်သည်။

လက်ရှိတွင် ခင်ဝင့်ဝါသည် ဇန်န၀ါရီ ၁၆ ရက်၌Miss Golden Land Myanmar Organization နှင့်အတူ မင်းဘူးမြို့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း (၁၁)နှစ်ပြည့်အထိမ်းအမှတ်သို့ သွားရောက်ပြီး နာရေးကူညီမှု ကို လုပ်အားပေးခဲ့သည်။

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ