Miley Cyrus နဲ့အလုပ်တွဲလုပ်ဖို့ငြင်းဆန်လိုက်တဲ့ဓာတ်ပုံဆရာ

Fashion campaign တစ်ခုမှာ Fashinon ဒီဇိုင်နာ Marc Jacobs ရဲ့ဓာတ်ပုံဆရာက Miley Cyrus ကိုဓာတ်ပုံရိုက်ပေးဖို့ငြင်းဆန်လိုက်တာဖြစ်ပါတယ်။

ဇန်န၀ါရီလ ၈ ရက်နေ့မှာ fashion ကုမ္ပဏီတစ်ခုရဲ့ ၂၀၁၄ နွေဦး collection အတွက်မျက်နှာသစ်မော်ဒယ်အဖြစ် Miley Cyrus ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ သူမရဲ့ Twitter စာမျက်မှာပေါ်မှ David Sims ရိုက်ပေးထားတဲ့ခပ်ကြမ်းကြမ်း ဓာတ်ပုံတွေတက်လာပါတယ်။

သူနဲ့ကာလရှည်ကြာလက်တွဲခဲ့တဲ့ဓာတ်ပုံဆရာ Juergen Teller ကဓာတ်ပုံရိုက်ပေးဖို့ငြင်းဆန်လိုက်တဲ့အတွက် Sims ကိုတာဝန်ပေးလိုက်ရတာဖြစ်ကြောင်း Jacobs ကပြောပါတယ်။

"ကျွန်တော် Juergen နဲ့နှစ်ပေါင်းများစွာ အတူတူအလုပ်လုပ်လာတာပါ။ ကျွန်တော် သူ့ကိုအနုပညာသမားတစ်ယောက်အဖြစ်နှစ်သက်ပါတယ်။ သူက Miley ကိုဓာတ်ပုံမရိုက်ချင်လို့ပါ"လို့ Jacobs ကပြောပါတယ်။

သူ့ဓာတ်ပုံဆရာက ငြင်းဆန်ပေမယ့်လဲ Jacobs ကတော့ Miley Cyrus နဲ့အလုပ်လုပ်ရတာကိုနှစ်သက်တယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့သူမနဲ့သူမနဲ့ပါတ်သတ်တာမှန်သမျှကို ကြိုက်နှစ်သက်ပါတယ်။ သူမရဲ့ပါရမီ၊ ဥာဏ်ပညာနဲ့ အရာအားလုံးကိုပါ။ သူမနဲ့ပါတ်သတ်ပြီးကျွန်တော်မကြိုက်တာဘာမှမရှိပါဘူး။ သူမဟာအရမ်းစစ်မှန်ပြီး သဘာဝကျပါတယ်” လို့ Jacobs ကပြောပါတယ်။

Ref:starpulse  

Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ