iPhone ဟက်ကာတိုက်ခိုက်မှုအစီအစဉ် NSA အဖွဲ့နှင့် မည်သည့်အခါကမှ ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်းမရှိဟု Apple ပြော

Apple ကုမ္ပဏီသည် အမေရိကန်အမျိုးသားအေဂျင်စီ (NSA) နှင့် မည်သည့်အခါကမှ အတူလုပ်ကိုင် ခဲ့ခြင်းမရှိကြောင်း၊ စမတ်ဖုန်းများကို တိုက်ခိုက်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ မိမိတို့ ဘာမှမသိရှိကြောင်း NSA က iPhone များကို ဟက်ကာတိုက်ခိုက်သည့်စနစ်တစ်ခုကို တီထွင်ထုတ်လုပ်ခဲ့သည်ဟူသည့် သတင်းကို တုံ့ပြန်သည့်အနေဖြင့်Apple ကုမ္ပဏီက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံ၏ အပတ်စဉ်ထုတ်မဂ္ဂဇင်း Der Spiegel က NSA အဖွဲ့၏ လျှို့ဝှက်အစီအစဉ်တစ်ခုကို ယခု ရက်သတ္တပတ်တွင် ဖော်ပြခဲ့ရာ ယင်းဖော်ပြမှုတွင်NSA အဖွဲ့သည် မိုဘိုင်းဖုန်းများအပါအ၀င် ကွန်ပျူ တာပစ္စည်းများအတွင်းသို့ ၀င်ရောက်ထိန်းချုပ်နိုင်သော အဆင့်မြင့်နည်းပညာသုံးဆော့ဖ်ဝဲလ်ပြုလုပ်မှု၊ ကမ္ဘာတစ်ဝန်းတွင် သူလျှိုအစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်း ဖော်ပြထား သည်။

ယင်းဖော်ပြမှုတွင် ဖုန်းနံပါတ်များ ပြုစုထားသည့်စာရင်းများကဲ့သို့သော iPhone များမှအချက်အလက် များကို ရယူနိုင်သောထိုးဖောက်ဝင်ရောက်နိုင်သည့်ပစ္စည်းများကို ခွင့်ပြုသည့် “software implant” ဟု ခေါ်သော DROPOUTJEEP စနစ်ထုတ်လုပ်မှုအကြောင်းအရာများပါဝင်သည့် NSA ၏ ၂၀၀၈ ခုနှစ် အစီ အစဉ်တစ်ရပ်လည်း ပါဝင်သည်။

ဒီဇင်ဘာ၂၉ ရက်က ထုတ်ဝေသော ယင်းမဂ္ဂဇင်းတွင်Apple ကုမ္ပဏီသည် backdoors ဟူခေါ်သော iPhone များအား ဟက်ကာတိုက်ခိုက်သည့်အစီအစဉ်ကို ယင်းအေဂျင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ ဖော်ပြထားခြင်း မရှိပေ။

NSA အဖွဲ့က မည်သည့်စွပ်စွဲချက်မျိုးကိုမဆို ထင်မြင်သုံးသပ်ချက်ပေးသွားမည် မဟုတ်သော်လည်း မိမိ တို့အဖွဲ့နေဖြင့် ပြည်ပထောက်လှမ်းရေးအဖွဲ့များက နည်းပညာများရယူသွားနိုင်သည့်အပေါ် ကာကွယ် သည့် လုပ်ငန်းများကိုသာ စိတ်ဝင်စားကြောင်း ဒီဇင်ဘာ ၃၁ ရက်ကထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။

အမေရိကန်အစိုးရအဖွဲ့သည် မိမိတို့ ထောက်လှမ်းရေးအဖွဲ့နှင့် အလားတူနည်းပညာများ အပြစ်မဲ့ အသုံး ပြုသူ ပြည်သူများအပေါ် အကျိုးသက်ရောက်မှုမရှိစေရန် ကာကွယ်လုပ်ဆောင်ပေးလျက်ရှိကြောင်း အေ ဂျင်စီက ထပ်လောင်းပြောကြားထားသည်။

iPhone သည် ၂၀၀၈ ခုနှစ်တွင် ဆန်းသစ်လာသော အသေးစားကိရိယာတစ်ခုဖြစ်ပြီး ၂၀၀၇ ခုနှစ်က ဈေးကွက်အတွင်းသို့ ၀င်ရောက်ပြီး မိုဘိုင်းဖုန်းဈေးကွက်ကို အနိုင်ယူရာတွင် အကူအညီ အထောက် အပံ့ဖြစ်ခဲ့သည်။

Apple ကုမ္ပဏီအနေဖြင့် မိမိတို့ထုတ်လုပ်သော မည်သည့်ပစ္စည်းမျိုးတွင်မဆို backdoor ဖန်တီးရန် NSA အဖွဲ့နှင့် ဘယ်သောအခါမျှ လုပ်ဆောင်ခြင်းမရှိကြောင်းအစီရင်ခံစာတွင် ပြောကြားထားသည်။

မိမိတို့အနေဖြင့် ဟက်ကာများထက် မိမိတို့၏နည်းပညာများကို အမြဲဆန်းသစ်အောင် ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ပြီး မိမိတို့ပစ္စည်းသုံးစွဲသူများကိုလည်း လုံခြုံရေးတိုက်ခိုက်ခံမှု မခံရအောင် ကာ ကွယ်ပေးသွားမည်ဖြစ်ကြောင်းApple ကုမ္ပဏီက ပြောကြားသည်။

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ